“မျဉ်းကွေး တစ်ကြောင်း”၏အကြောင်း
ငါက မာနကြီးတာလား
အတ္တပဲပြင်းတာလား
မိန်းမပဲဆန်ခဲ့တာလားတော့မသိဘူး
ပေတံနဲ့တိုင်းမှဖြောင့်မယ်ဆိုရင်တော့
အဲဒီ့ မျဉ်းပေါ်မှာ ငါမဖြောင့်မတ်ချင်တော့ဘူး
ဘာပဲဖြစ်ဖြစ်
ငါ့ကို…ကောက်ကွေးခွင့်ပေးပါ။
ဲအဲဒီ့
အတိတ်ဆိုတာေ၀၀ါးပေမဲ့
အိမ်မက်လိုတော့လဲမထားရက်နိုင်ဘူး
လူတွေ ဘာအတွက်နဲ့များ
တောင့်တတတ်ခဲ့တာလဲ
အဲဒီအဖြေကိုသာရမယ်ဆိုရင်
ခဏဖြစ်ဖြစ်…
ငါရင်ခုန်ကြည့်ချင်တယ်။
မှန်တာနဲ့မှားတာ
အဲဒီ့ စနစ်တွေကျွန်တော် မသိချင်ဘူး
ကျေးဇူးပြု၍
ငါ့ကိုဘောင်မခတ်ကြပါနဲ့
ခင်ဗျားတို့အတွက်ကျယ်တဲ့ အတ္တတွေထဲမှာ
ကျွန်တော် အသက်ရှုရတာမွန်းတယ်…။
ပုခုံနှစ်ဖက်ကြားတော့
ခေါင်းပေါက်ဖြစ်ခဲ့တာပဲ
ဘာတွေလွဲမှားခဲ့ကြလဲမသိဘူး
ဖြစ်သလိုသာရေရွတ်ကြည့်ရင်
သူတို့လို သီအိုရီတွေလဲနည်းမှာမဟုတ်ဘူး
နင်ပြောတဲ့အမှန်တရားပေါ်မှာပေါ့
ငါလမ်းလျှောက်ကြည့်ဖူးတယ်
မကြာခဏချော်လဲဖြစ်ခဲ့တော့လဲ
တစ်ခါတစ်ခါရောထိုင်မိခဲ့တယ်….။
ကဲကြည့်စမ်း
ကိုယ့်ကျဆုံးခန်းကိုယ်ပြန်ကြည့်
ငါ…
ဟက်ဟက်ပက်ပက်ရယ်မောမိတယ်
နောင်တဆိုတာလာမေးရင်
လေချွန်ပြမိမလားပဲ
ငါက သံမဏိရောင်ခပ်ပြာပြာကောင်မို့
နောက်ဆို…
အမှောင်ထဲမှာ ပဲထိုင်တော့မယ်…။
မြင်ချင်သေးတယ်ဆိုရင်ပေါ့
ရင်ဘတ်တစ်ခုလုံး
အလွမ်းရောင်သုတ်ဦးမယ်
ကန့်လန့်ကာတော့မချနဲ့
ငါကလူတကာလိုက်တိုင်းမိတဲ့
ပေတံတစ်ချောင်းလဲမဟုတ်ခဲ့ဘူး
ငါ့မျှော်လင့်ခြင်းတစ်ပေမှာ
ဆယ့်တစ်လက်မပဲပါမယ်….။ ။
(နေညို)
Comment #10
idea တွေသိပ်ကောင်းတာပဲဖတ်ပြီးရင်တော.မောပြီးကျန်ခဲ.တယ်
By: sawmyawadi at Feb 12, 2011
Comment #14
မျှော်လင့်ခြင်းတစ်ပေမှာ ဆယ့်တစ်လက်မပဲပါတယ်တဲ့ . .
ကောင်းပါတယ် . . တစ်လက်မလျော့နေတာ
By: နတ်သမီး at Jul 9, 2012
Comment #15
အားပေးပါတယ်
By: loafer at Jul 9, 2012
Comment #17
အဖြောင့်မတ်ဆုံး မျဉ်းကွေးလေးပါပဲ
By: sharon myorr myor at Dec 29, 2012




Comment #1
ကောင်းသည် မိုက်သည်။