Professional Authors

အမှတ်တမဲ့

ပေးဖို့ အတွက်ပါ
ရယူခြင်းကင်းလျှက်
ကြယ်စင်တွေ လင်းတယ်နော်
ငေးကြည့်နေရုံလေးပါ……။
ခပ်ပေါ့ပေါ့ စကားလုံးတွေ
ခပ်မဲ့မဲ့ အပြုံးတွေဟာ
ငါ့ကိုအထိနာ စေခဲ့တာ အမှန်ပဲ
တကယ်တမ်းတော့လည်း
သူ လက်မခံခဲ့ဘူးလေ
ငါ့ရဲ့ အချစ်တွေကိုပေါ့
သံယောဇဉ် ဆိုတဲ့ ပုဝါနဲ့ထုပ်
ကြင်နာခြင်းဆိုတဲ့ ကြိုးလေးကိုချည်
တမြတ်တနိုးနဲ့
ပေးပို့ခဲ့တာလေ
အခုတော့လဲလေ
နေစဉ် လာသိမ်းနေကြ
အမှိုက် ကားကလေးရဲ့
မထင်မရှားနေရာကို
ရောက်သွားခဲ့ပြီလေ
သြော်မေ့ လို့
ကျွန်တော့် အသည်းနှလုံးလေးပါ
အဆစ်ပါသွားခဲ့တယ်လေ……….။

In: ကဗျာ Posted By: Date: Aug 18, 2010
Comment #1

a hmat ta me.

commentinfo By: ei lay at Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment