Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34812 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ကိုးစားခံရတဲ့ ယုံကြည်မှု – နရီထက်

စကားလုံးကိုရွေးချယ်
ရွှေချသုံးမယ်
အပေါ်ယံဆီလူး သကာချိုသွေး
ဓါးသွားထက်ထက်က ပျားရည်တစ်စက်
အလျော်အစားကို လဲလှယ်
ပေးစားထားတယ်

အချိန်ကိုရင်းထားပေးတယ်
တဖြေးဖြေးနှင့် အစဆွဲထုတ်ကြည့်တယ်
ဖြည်လာပြီး လှိမ့်လာပြီး
လိုရာ ဆွဲသိမ်းလိုက်မယ်
ဒီတစ်ချီ ဒီတစ်ပွဲ
အနိုင်ရပြီးကွဲ့
နောက်က လိုက်လာတဲ့ ယုံကြည်မှုပြပွဲ. . .

နာမည်ကိုလည်း ချိတ်ဆက်သုံးမယ်
ရောင်းစားမယ့်  ဂုဏ်ကြီးကင်းမွန်းတပ်ပွဲ
အလုပ်တွေလည်း လုပ်ထားသည်
လက်ညှိုးထိုးမလွဲ
သိစိတ်ရယ် မသိစိတ်ရယ်
လောဘပလောင်းဆူစဲ
အသားတစ်ဖတ် ချထားခဲ့တယ်
ကိုက်မယ့်ပင်ကြံကာပင်
အဆိပ်သင့်ခဲ့
လည်နင့်တာလား
ဆိုနင့်တာလား
မျက်နှာလုံးထဲမှာ အနီရောင်သန်းဆဲ
ပုလဲခတာလား ရွဲကြွတာလား
ဝေခွဲရခက်စဲ. . .

နရီထက်
( ၁၈ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 18, 2010
Comment #1

နရိထက် ကဗျာတွေ က တော်တော်ကောင်းတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)