Professional Authors

ဗလာ…….ပေါင်းခြင်း

ဖတ်ရှင်တွေခေတ်ဆန်သလောက်စိတ်ဓါတ်တွေခေတ်ဆန်ခဲ့ရင်
လောကကြီးက ဒီလောက်အရုပ်ဆိုးစရာမှမလိုတာ
မုန်တိုင်းဆိုတာက ရောက်လာမှကာကွယ်လို့ ရတဲ့အရာမဟုတ်တော့လည်း
ဒီတစ်မိုးတော့ ငါတို့ ရင်ဖိုရဦးမှာပေါ့
ကိုယ်လှေကိုယ်ထိုးတာဘဲ ပဲခူးရောက်ရောက်ဆိုတဲ့ 
စိတ်ဓါတ်မျိုးနဲ့ တော့မရဘူးထင်ပ
ရှိစေတော့……. ရှိပါစေတော့………..
သူ့ဆန်မစားဘဲနဲ့ လည်းသွေးရဲဖို့ လိုတယ်ကွဲ့ 

အားလုံးရင်ထဲမှာ ဗလာတွေပါဘဲ
ဒါပေမဲ့ အဲဒီ့..ဗလာတွေအားလုံးပေါင်းပြီး
မောင်းတီးကြည့်လိုက်ရင် ……..
ငါတို့ ရဲ့ ကောင်းကင်မှာရွှေတောင်ပံတွေပြန်ကောင်းလာမဲ့တစ်နေ့ 
ပြန်တွေ့ နိုင်မယ်ထင်ပ သူငယ်ချင်းတို့ ရေ………
(17.8.2010)ခင်းခင်း

In: ကဗျာ Posted By: Date: Aug 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment