Professional Authors

သူငယ်ချင်း

ကောင်မလေးရေ……..

နင့်ရဲ့ဖြူစင်မှု့တွေကြောင့်ပြိုင်ပွဲမ၀င်ဘဲရှုံးနိမ့်ခဲ့ရသူက..ငါပါကွယ်

ပြောကြစတမ်းဆိုရင်တော့….

ငါရဲ့ဝှက်ဖဲတစ်ချပ်က..နင့်အတွက်တော့

(Joker)မဟုတ်တာသိပ်ကိုသေချာခဲ့ပါတယ်

လူတစ်လုံးသူတစ်လုံးဖြစ်မလာသေးတဲ့မျှော်လင့်ချက်တွေက

သင်ရိုးညွန်းတန်းမပြီးခင်မှာဘဲနှုတ်ဆက်ထွက်ခွာသွားကြတယ်

အိပ်မက်တိုင်းလည်းနင်ပါဘဲ

သံစဉ်တွေတိုင်းလည်းနင်ပါဘဲ

ကဗျာတွေတိုင်းလည်းနင်ပါဘဲ

အဲဒါတောင်မှငါ့…မျှော်လင့်ခြင်းလေးက

ဘာလို့ နင်ဖြစ်မလာရတာလဲကွယ်

အခုတော့လည်း………

အိပ်မက်တွေရယ်………….

သံစဉ်တွေရယ်……………….

ကဗျာတွေရယ်………ပေါင်းစပ်ပြီး…အခုတော့လေ….

နင်အကြောင်းခေါင်းစဉ်တွေအောက်မှာ

လမ်းလျှောက်တတ်တဲ့ဘောပန်တစ်လက်ကို

ပခုံးဖတ်လို့ …

ငါလေ….ငါ….

နင့်ရဲ့ဖြူစင်မှု့တွေကြောင့်ဘဲပြိုင်ပွဲမ၀င်ဘဲ

ရှုံးနိမ့်ခဲ့ရသူပါကွယ်….

(27.5.2010)ခင်းခင်း

In: ကဗျာ Posted By: Date: Aug 16, 2010
Comment #1

aw,,,aww,,,
doke kha,,doke kha,,
dar ne pe thu myar nout par twar yaw lar?

commentinfo By: ei lay at Jan 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment