Professional Authors

ပင်လယ် (နေမျိုး)

သူမဟာ ပင်လယ်
လှုပ်ရှားတယ်၊ ရှင်သန်တယ်၊ စီးဆင်းတယ်
သူမဟာ ပင်လယ်
ငါ့ကို ငါးတွေပေးတယ်
ငါ့ကို ပုလဲတွေပေးတယ်
ငါ့ကို ဒဏ္ဍာရီထဲက ကျောက်တုံးတွေပေးတယ်
ငါ့ကို သဘောင်္ပျက်တွေပေးတယ်
ငါ့ကို ပင်လယ်ဓားပြအရိုးစုတွေပေးတယ်
ရွှေဒင်္ဂါးလည်း နည်းနည်းပေးတယ်။
သူမဟာ ပင်လယ်
ငါ့ကို လူးလာစုန်ဆန်ကူးခတ်စေတယ်။
ရဲဝံစေတယ်။
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်။
သူမဟာ ပင်လယ်
တစ်နေ့မှာငါ့ကို နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ။
သူမဟာ ပင်လယ်
ငါ့ကို အမြဲ သိမ်ဆည်းထားလေတယ်။

နေမျိုး
အမှတ် ၆၊ ပန်းအလင်္ကာမဂ္ဂဇင်း

Comment #1

နေမျိုးလဲ ဖြိုးဖြိုးပဲတင်ထားတယ်….မသိလို့ မေးကြည့်တာနော် ။ဒီဆိုက်က admin လား….ရိုးရိုးသားသားမေးတာပါ…။ကျနော် က ဒီဆိုက်နဲ့ သိပ်မရင်းနှီးလို့ ပါ..။

commentinfo By: phyowai at Dec 16, 2010
Comment #2

ဟုတ်ပါဘူး.. ဒီ site က admin..
ဘာရယ်ဟုတ်ပါဘူး.. ဒီနေရာလေးမှာ ကဗျာလေးတွေ အဲလိုတင်ရတာ ပျော်လည်းပျော်ပြီး သဘောလည်းကျလို့..
(:

commentinfo By: ဖြိုးဖြိုး at Dec 16, 2010
Comment #3

သူမဟာ ပင်လယ်
ငါ့ကို လူးလာစုန်ဆန်ကူးခတ်စေတယ်။
ရဲဝံစေတယ်။
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်။
သူမဟာ ပင်လယ်
တစ်နေ့မှာငါ့ကို နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ။
သူမဟာ ပင်လယ်
ငါ့ကို အမြဲ သိမ်ဆည်းထားလေတယ်။

commentinfo By: အသဲကွဲမိုး at Aug 7, 2011
Comment #4

မြစ်တွေက

ငါဆီ ရောက်မှ

ချစ်ခြင်းဆုံခွင့်ရသတဲ့ ။

ငါကတော့

အဖော်မဲ့ ပေါ့….။(နီမာရှင်း)…ကြုံကြိုက်လို့ 

Comment #5

tate chit loh par.
he..he..

commentinfo By: ei lay at Aug 7, 2011
Comment #6

l like this poem.

commentinfo By: Kyi Thu at Feb 9, 2012
Comment #7

i want to be “the sea”

commentinfo By: ei lay at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment