Professional Authors

ပဋိပက္ခ(၂)

ဒီဇာတ်လမ်းမှာ ခင်ဗျားပါဖို့မသေချာတော့ဘူး
သူတို့အားလုံးသိနေတယ်
ခင်ဗျားပြောသွားတဲ့ဒိုင်ယာလော့ခ်က ကျွန်တော်ပြောနေကျအထာလေ
အဲဒီတော့ ရယ်တာပေါ့။
ဒီနေရာမှာ ‘သမ္ဘာ’ စကားစ ပြောလာ
ဒါနဲ့များ စစ်တုရင်ကစားတာ ဆရာကြီးတဲ့လားဗျာ
ကဲ သေချာစဉ်းစား သေချာပြန်ရွှေ့။
မနေ့က မတွေးမိဘူး
ဒီနေ့ မေးစရာရှိတယ်
ခင်ဗျားသွေးအမျိုးအစားက ဘာဆိုတာ
ပြစမ်းပါဦး
အိုး အဲဒါ မြွေနဂါးလား
တီကောင်မှတ်လို့
ခင်ဗျားလက်မောင်းမှာ ပတ်ပြီးတက်နေတဲ့ ဆေးမင်ကြောင် အကောင်ရှည်။

In: ကဗျာ Posted By: Date: Aug 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment