Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34811 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ခံစားမှု…………

ခံစားမှုဆိုတာ
ခုသောက်နေတဲ့ ဆေးလိပ်မီးခိုးငွေ့တွေလိုပဲ
လေထဲပျောက်ကွယ်သွားရင် ကောင်းမယ်..
ရင်နာတယ်..တဲ့
ဘာမှန်းတော့မသိဘူး…….
ခံစားရတာတော့ တော်တော်ခက်တယ်
မင်းပေးတဲ့ ဆေးပေါလိပ်ကို အခါခါဖွာလို့
မင်းအကြောင်း တွေးနေမိတယ်..။
ပထမဆုံးအကြိမ်….
ဆေးလိပ်တစ်လိပ် ကုန်အောင်သောက်မိသွားတယ်
မျက်လုံးတွေ ကျိန်းစပ်နေတယ်…
ဒါပေမဲ့ မင်းအကြောင်းတွေးတာ မရပ်သေးဘူး။
ချစ်တယ်ဆိုတာ ငါ…မသိဘူး
ဆုံဆည်းခွင့် ဘယ်တော့လဲဆိုတာ ငါမသိဘူး
ဘာလို့ဝေးကွာရတာလဲ ဆိုတာ ငါ..မသိဘူး
လွမ်းတာတစ်ခုတော့ သိတယ်….
လွမ်းတော့ လွမ်းတတ်တယ် ကောင်လေးရဲ့….
ငါ့အတွက်တော့ သံယောဇဉ်ဆိုတာ
မင်း…အကြည့်တစ်ခုနဲ့တင်….
…..လုံလောက်ပါပြီ……………..
သေချာတာကတော့ ဒီည အိပ်မပျော်ဘူး..။
ကဗျာဆရာ အေးချမ်းရဲ့ကဗျာလေးပါပဲခင်ဗျာ အခုလောလောဆယ် စာမေးပွဲတွေဖြေနေရတာ ဒီနေ့မှာပြီးတော့ ပြီးပြန်တော့လည်း မအားသေးဘူးရယ် လေ့လာရေးခရီးထွက်ဖို့အတွက်ရှိသေးတယ် အဲ့တော့အခုအားနေတုန်းလေး စာကလည်းရေးလို့မရဘူးရယ် အချိန်ကလည်းမပေးနိုင်လို့လေ အခုကတော့ကဗျာဆရာ အေးချမ်းရဲ့ကဗျာလေးကိုတင်လိုက်ပါတယ်။ အားလုံးသောညီ အကိုမောင်နှစ်မများအားလုံးပျော်ရွှင်ချမ်းမြေ့စွာနဲ့ အဆင်ပြေနိုင်ကျပါစေခင်ဗျာ။

In: ကဗျာ Posted By: Date: Aug 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)