Professional Authors

အတွေးတစ်ချက် …

ဖြိုက်ဖြိုက်ရွာသွန်းချ ၊ မိုးလေချမ်းအေးမြချိန်

စိတ်ကူးအတွေး ၊ ချစ်သူဘေးဝယ်

တစ်ချိန်ကိုယ့်ပခုံးထက် ၊ ကြင်နာသူခေါင်းလေးအုံးလို့

ကြည့်နူးခဲ့စဉ် ထိုအရင်က… သူတို့နှစ်ဦး ချစ်ခဲ့ဖူးသည်။  ။ ..

မိုးကိုမကြောက် ၊ အတူတွဲလျှေက်လို့

ပေတစ်ရာထက်၊ ခြေရာပျက်ပြယ်

မဆုံးသောလမ်း လျှောက်စတမ်းနော်။ ။ …

တုန်ရီချမ်းမြ ၊ ခိုက်လှပါလည်း

နွေးထွေးမှုဓါတ် ၊ ချစ်သူလက်ဝယ်

ရှိသည့်အလား ၊ ချမ်းပါသော်လည်း

မချမ်းဟုထင် ၊ ချစ်စိတ်ပင်လျှင်

စွမ်းသည့်အလား ။ ။ ….

စိတ်ကူးတစ်ပိုင်း ၊ အတိတ်ရိုင်းက

လွင့်စင်ပျယ်ပြောက် ၊ ဘယ်ဆီရောက်လို့

ဘယ်ရင်ခိုနား ၊ ပျော်နေငြားလည်း

ကိုယ့်ချစ်သူ ။ ။….

                                                            စိတ္တဇ-သူအောင် ၊11.8.2010,Wed (Sharp)

In: ကဗျာ Posted By: Date: Aug 11, 2010
Comment #1

So good! fri

commentinfo By: saiwan at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment