Professional Authors

အချစ်နှင့် ငါ၏သတ္တိများကောက်ကြောင်း(၃)မင်းလူန

လရိပ်ကိုမျှော်
မောမိတယ်
ကြယ်ကြွေကိုကောက်
စိတ်နောက်တယ်
နေရောင်ကိုမှန်း
ကျွမ်းရတယ်
တစ်ကယ်ဆိုငါက
ရင်နာမယ်မှန်းသိရက်
မှောက်အိပ်မိသူပါ
စိတ်မှတ်မရှိသူငါလိုလူမှာ
နောက်တစ်ခါမှားမယ်မှန်းသိလဲ
လွမ်းမိနေဦးမှာပဲ
မင်းကပန်းတစ်ပွင့် ဖြစ်ကောင်းဖြစ်မယ်
ငါကတော့ လိပ်ပြာလည်းမဟုတ်
ပိတုန်းမဟုတ်
ပန်းကိုမျော်သူ
အရူးလိုလူ
ခုကြည့် ငါ့ မှာ…………..
ဒဏ်ရာရနေမှန်းသိရက်နဲ့ လဲ
မင်းကိုချစ်နေရလို့ 
အဲ့ ဒီဒဏ်ရာတောင်ငါအမြက်နိုးဆုံး
မင်းပေးတဲ့ 
လက်ဆောင်တစ်ခုအဖြစ်
အတ္တပုံဆောင်မိလိုက်တော့ 
မင်းဟာငါ့ ကမ္ဘာရဲ့ 
ပိုင်စိုးသူ……………….
သခင်ပေါ့ 

                           မင်းလူန

In: ကဗျာ Posted By: Date: Aug 11, 2010
Comment #1

လရိပ်ကိုမျှော်
မောမိတယ်
ကြယ်ကြွေကိုကောက်
စိတ်နောက်တယ်
နေရောင်ကိုမှန်း
ကျွမ်းရတယ်

အင်မတန်လှပသော အဖွဲ့ 

commentinfo By: sharon myorr myor at Aug 7, 2012
Comment #2

sweet
lovely

commentinfo By: ei lay at Aug 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment