အချစ်နှင့် ငါ၏သတ္တိများကောက်ကြောင်း(၂) မင်းလူန
မာယာတွေပလီပလာနဲ့ 
မအီမသာဖြစ်အောင်လုပ်နိုင်သူရေ
ဒီတစ်ခါပြောတာယုံချင်တယ်
ပုံပြင်ထဲကို
ဆွဲသွင်းလိုက်တာများနော်
ရှိုက်သွင်းနေကျလေထုတွေတောင်
အရောင်အဆင်းတွေနဲ့ 
ငါ့ ရှေ့ မှာကိုယ်ထင်ပြနေသယောင်
မင်းနဲ့ ပါတ်သက်ရင်
အရာရာမသေချာမှု့ တွေနဲ့ 
ဘာမှမရေရာအောင်
ငါ့ ဦးနှောက်မှာ
မှတ်ဥာဏ်မပါသလိုပါပဲ
ပြောရင်ကျယ်ပြန့် ဦးမယ်
နောက်ဆိုငါဟာမင်းပါပဲလို
မှန်ကြည့် စရာမလိုအောင်
သေချာတော့ မယ်သူမို့ 
ဒီတစ်ခါတော့ မညာပါနဲ့ 
ချစ်တယ်မလားဟင်………………..
………………………………………
မင်းလူန
Leave Comments
Email me whenever there is new comment
Copyright © 2012 PoemsCorner. All rights reserved. Terms of Service




11611 masterpieces
34811 comments
3729 members
974 pc authors