Professional Authors

အဝေးရောက်

ချစ်သူ…
တို့နှစ်ကိုယ်တူချစ်ခဲ့တုန်းက
တစ်ယောက်ကို တစ်ယောက်မခွဲကြကြေးလို့
နှုတ်က တဖွဖွ
ငါဖွင့်ဟခဲ့တယ်…
ချစ်သူ…
အဲဒီအချိန်တုန်းက
မင်းပြောခဲ့တဲ့စကားတစ်ခွန်း
“လူချင်းဝေးလည်း နှလုံးသားချင်း နီးနေရင် အချစ်ရှိတယ်တဲ့”
အဲဒီအချိန်တုန်းက
ငါမလည်နိုင်ခဲ့ဘူး…
ချစ်သူ…
အခုလို တစ်နယ်တစ်ကြေးမှာ
အဝေးရောက်နေသူ ငါ့အဖို့
ဖြေသိမ့်စရာဆိုလို့
အဲဒီစကားလေးပဲ
နားလည်လိုက်ပါ…ချစ်သူရယ်
ချစ်သူ…
အခုတော့ အချိန်တွေ ကြာတော့
ချစ်သူရဲ့ ပြောတဲ့စကားထဲကအတိုင်းပဲ
လူချင်းမနီးနေပေမယ့်
နှလုံးသားချင်းတော့ နီးနေပါရစေနော်
ငါ့နှလုံးသားကို အမြဲပေးအပ်ထားပါတယ်…ချစ်သူ

In: ကဗျာ Posted By: Date: Aug 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment