Professional Authors

နင်မမြင်နိုင်တဲ့ ငါ့ရဲ့ မျက်ရည်

ဘာလုပ်တော့မှာလဲ

တဆစ်ဆစ်နဲ့   နာနေတဲ့ရင်

နင့်ကိုမှ မတွေ့  ရတာ

ပိုပိုဆိုးလာလဲ

နင်ရောက်လာမှာမှ မဟုတ်ပဲ

 

ဟုတ်ပါတယ်

နင့်သူငယ်ချင်းပြောတာ

Anniversary ထက် အရေးကြီးတဲ့ အရာတွေ

နင်လုပ်နေတာပဲတဲ့

လွမ်းတယ်လို့   အော်နေတဲ့ ငါပဲ

တစ်ကောင်ထဲ မိုးကွက်ချုပ်နေတာ

 

ငါရွေးချယ်ခဲ့တဲ့ လမ်းမဟုတ်ပေမဲ့

ငါရွေးချယ်ခွင့်မရှိခဲ့ပဲလေ

ကိုယ့်အပြစ်နဲ့   ကိုယ်ဝေးနေတာဆိုပေမဲ့

ဒီလူက နင့်ကို သည်းထန်စွာလွမ်းနေတာမဟုတ်ဘူးလို့

နင်တွက်ထားရင် နင်မှားမှာပေါ့

 

ပိုပါတယ် နင့်ထက်

ချစ်တာရော

မေတ္တာရော

သစ္စာရော

အလွမ်းတွေပါ ထပ်ပေါင်းထည့်လိုက်ဦး

 

သတိသိပ်ရတဲ့ အခါ ငါဘာလုပ်မလဲ

ငါပြချင်တယ်နင့်ကို

နင့်ကို ရူးသွပ်စွာနဲ့   ရေးထားတဲ့

ငါ့ရဲ့   မျက်ရည်တွေနဲ့    ရေးတဲ့ ကဗျာတွေ

ဒါပေမဲ့

နင်ဖတ်လို့ပဲ ရမယ်

ဘယ်ခံစားလို့   ရပါ့မလဲ

နင်မှ ကဗျာတွေကိုမသိပဲ

 

အဲဒီတော့

ငါ့ရဲ့   ကဗျာတွေက

နင်မမြင်နိုင်တဲ့ ငါ့ရဲ့ မျက်ရည်တွေ

အပြင်မှာတော့ ငါက

သိပ်အသည်းမာတဲ့ သူပေါ့ဟာ

(နင့်ရဲ့   တစ်ဖက်သတ် အမြင်)

 

 

ဖွင့်ထားတဲ့ သီချင်းတွေလဲ

သံစဉ်မဲ့ကုန်ပြီ

မြင်နေတဲ့ အရာတွေလဲ

အဓိပါယ် မဲ့ကုန်ပြီ

ဘာမှ မရှိတော့ဘူး

ငါ့ရင်ဘတ်လဲဟောင်းလောင်း

ငါ့ အသိဥာဏ်လဲ လွင့်ထွက်

ငါ့ ညတွေလဲ ခြောက်ကပ်

ငါ့ ကဗျာတွေလဲ အေးစက်

ငါ့ အချစ်တွေလဲ သွေးပျက်ကုန်ပြီ

ချစ်သူ

နင်မရှိတဲ့ ကမ္ဘာက ငါ့အတွက်

နေချင်စဖွယ်ကိုမရှိတာ

နင်မရှိရင် ငါအသက်မရှင်ချင်ဘူး

အရူးတစ်ယောက်လိုပဲ ဆက်တိုက်အော်ဟစ်နေချင်တယ်

ငါနင့်ကို သိပ်ချစ်တယ်

ငါနင့်ကို သိပ်ချစ်တယ်

ငါ……………..

………..

..

 

ကြက်ခြေခတ် X

1:09 am wed 11.8.10

though i miZz u, i can’t tell U and even Get a chanCe to overcome that i’m dYinG to sick of missiN’ u…plZ leT me fleE from that and Let me hear uR voice at Least…I’m seriOus..i’m dYin’ tO see u….

 

 

 

 

 

 

 

In: ကဗျာ Posted By: Date: Aug 10, 2010
Comment #1

သူသိနိုင်ပါစေလို့……….

commentinfo By: angel at Aug 11, 2010
Comment #2

ကဗျာတွေကတော့ခိုက်တယ်နော်…..အရမ်းကြိုက်ပါတယ်…အားပေးနေပါမယ်နော်….

commentinfo By: Phyu Lay at Aug 11, 2010
Comment #3

phyu lay နင့်ကြောင့် ကဗျာရေးရတာ အားပိုရှိလာတယ်
ကျေးဇူးအများကြီးတင်ပါတယ်
နင်က ငါ့ အစ်မ ဖြစ်မလား ညီမဖြစ်မလား မသိဘူးနော်
သေချာတာကတော့ ငါ့အသက်က ၃၀ မကျော် ၂၀ အောက်မဟုတ်

commentinfo By: ကြက်ခြေခတ် at Aug 11, 2010
Comment #4

ကဗျာတွေက အကုန်မိုက်တယ်
အားပေးနေပါတယ်

commentinfo By:ူlunar at Aug 11, 2010
Comment #5

ကျေးဇူးအများကြီးတင်ပါတယ်
နောက်တွေ့မှ မုန့်ဝယ်ကျွေးမယ်နော်
😀

commentinfo By: ကြက်ခြေခတ် at Aug 11, 2010
Comment #6

အားနာစရာကြီး
🙂

commentinfo By:ူlunar at Aug 11, 2010
Comment #7

ကြိုက်သလောက်စား အွန်လိုင်းပေါ့်က ကျွေးနေတာဆိုတော့
ခုလောလောဆယ် အပြင်မှာတွေ့ရင်တောင် ပိုက်ဆံပြန်ချေးပြီး ကျွေးရမဲ့ဘဝ

commentinfo By: ကြက်ခြေခတ် at Aug 11, 2010
Comment #8

စကားလုံးတွေ ကောင်းတယ်ဗျာ

commentinfo By: ကေအက်(စ်)အို at Aug 12, 2010
Comment #9

ကဗျာလေးတွေ အကုန်ကောင်းတယ်နော်

ကျေးဇူး အများကြိး တင်ပါတယ်

commentinfo By: ရို ဇာ at Aug 12, 2010
Comment #10

ကေအက်စ် အို စကားလုံးတွေ ကောင်းသလို အပြင်မှာလဲ ငါက တော်ကီ တော်တော်ကောင်းတယ်ဟ
ိ့ရိုဇာ ဘာကိုကျေးဇူးတင်တာလဲဟင်

commentinfo By: ကြက်ခြေခတ် at Aug 12, 2010
Comment #11

တော်တော်ကြိုက်ပါတယ်… X ရယ်

commentinfo By: ရှင်ထိပ်ထား at Nov 16, 2010
Comment #12

တောတော်ကို ဝမ်းသားပါတယ် ရှင်ထိပ်ထားရယ်

commentinfo By: ကြက်ခြေခတ် X at Nov 16, 2010
Comment #13

mike de
special pe.

commentinfo By: ei lay at Jul 24, 2011
Comment #14

အရမ်းကောင်းပါတယ်
အားပေးနေမယ်နော်ကြိုးစားပါဗျာ

commentinfo By: kyalsinlaye at Jun 19, 2012
Comment #15

really really feel sorry.
so touching to my heart deeply.

commentinfo By: ei lay at Jun 19, 2012
Comment #16

ကဗျာလေးတွေတစ်ကယ်ကောင်းတာဘဲနော်.

commentinfo By: phyumarhmwe at Sep 25, 2012
Comment #17

မ X ရေ တော်တော်ပျောက်နေ သတိရနေ၏

commentinfo By: အသဲကွဲ မိုး at Sep 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment