Professional Authors

ကာရံ…သူမ ကဗျာ…သူမ

 –>


 

ကျွန်တော် ညကဗျာတစ်ပုဒ်ရေးတယ်

ညမှာရေးတဲ့ ညကဗျာ

သူမ အလှတွေမပါဘူး

သူမ ကိုမရည်ရွယ်ပါဘူး

ခပ်ရူးရူးတစ်ကောင် အကြောင်း

တစေ့တစောင်းပဲ ပါတယ်

ဆေးလိပ်  ကျွန်တော်မကြိုက်ဘူး

သူမကတော့ လိမ္မာသားတဲ့

အရက်မသောက်ဘူး ကျွန်တော်

သူမကတော့ သေချာလားတဲ့

အွန်လိုင်း မတက်ပါဘူး ကျွန်တော်

သူမကတော့ ထွင်တာလားတဲ့

မွေ့ပျော်နေခဲ့တာပါ ကျွန်တော်က

သူမနဲ့တင်ဘောင်ခတ်

ကြောင်တက်တက်နဲ့ကို ရူးနေခဲ့တာ

ကျွန်တော် သူမ…

နှစ်ဦးဘဝနဲ့ ပြည့်စုံချင်ခဲ့တာ

သူမခုံမင်တဲ့ အသိုင်းအဝိုင်း

အရိုင်းအစိုင်း ကျွန်တော်နဲ့

အလှမ်းတွေ ကွာဝေးနေခဲ့သလား

ကွာခြားနေတာ ဘာတွေလဲ

အဖြေထွက်ပြီးသားကိုပဲ

ထပ်ခါတလဲလဲထုတ်မိနေတာလား

ရိပ်မိလောက်ပါပြီ သူမ

ကျွန်တော် ပိုင်သမျှ

သူ့တစ်ဝက်တောင် မမှီနိုင်ခဲ့တာ

ကျွန်တော်ကိုယ်တိုင်က အယူသည်းတာလား

အချစ်တစ်ခုထဲပေးလို့

အချစ်တစ်ခုထဲနဲ့ ပြည့်စုံစေချင်တာ

သေချာတယ်လေ

စိတ်ကူးတွေနဲ့ ကျွန်တော်

အိပ်မက်တွေနဲ့ ကျွန်တော်

အိပ်မက်တွေနဲ့ အိပ်မက်ထဲမှာပဲ ကျွန်တော်

ကျွန်တော်ပိုင်တာ မှန်သမျှ

ကဗျာတစ်ချို့နဲ့ ကာရံတစ်ဝက်

အဖက်ဖက်က ပြည့်စုံပါပြီ

ဘယ်စာမျက်နှာမှာ ဘယ်ကာရံချမလဲ

ဒီလောက်နဲ့တင် အာဟာရပြည့်ခဲ့ပြီ

မေ့ခဲ့ပြီလေ သူမကို

ကာရံတစ်စနဲ့တင်

မနက်ဖြန်တွေ မွေးမဲ့ကောင်

တိမ်တွေပေါ်ရှာတယ်

ပင်လယ်ထဲတိုးတယ်

သစ်ပင်တွေတက်

တောင်တွေဖြတ်

ငှက်တွေရဲ့တေးသံတွေ သတ်လို့

ကာရံတစ်ခုသာကိုးကွယ်

မရိုးနိုင်တဲ့ ကဗျာတွေပဲရေးတယ်

တွေးမိတော့ ဒီအကြောင်း

ဟုတ်တယ် သူမကကျွန်တော့်အတွက် ကုန်ကြမ်း

ကဗျာရေးဖို့ပဲ သုံးတော့တယ်

 

 

ကြက်ခြေခတ် X

(sometimes i feels like a boy to write a poem.)

 

 

 

In: ကဗျာ Posted By: Date: Aug 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment