Professional Authors

ရုန်းမထွက်ချင်တဲ့ “နွံ”

ငိုကြွေနေတဲ့ ကောင်းကင်အောက်က
ပျော်မြူးနေတဲ့ ကလေးတယောက်ရဲ့
ဆော့ကစားချင်တဲ့ စိတ်ကူးနဲ့
မင်း တော လည်ထွက်ခဲ့တဲ့
ငါရင်ခွင်………………….။

ညို့စားနိုင်တဲ့ မင်းမျက်ဝန်းက
နူးညံ့တဲ့ တောင်ပံခတ်သံဟာ
ပရိုတွမ်ဗုံးတွေ အချိန်ကိုက်ချိန်နဲ့
မင်း လောင်ပြာကြွေစေခဲ့
ငါရင်ခွင်………………..။

ချိုမြနေတဲ့ မင်းနှုတ်ဖျားအောက်က
သွေးဆာနေတဲ့ မင်းအစွယ်တွေရဲ့
ချင်ချင်းတက်ခဲ့ ငါ့နှလုံးကို
ခွဲထုတ်ပေးစေခဲ့တဲ့
ငါရင်ခွင်……………….။

ခါးသက်နေတဲ့ အဆိပ်ခွက်ကို
စေစားနေတဲ့ မင်းနှုတ်ဖျားက
ငြင်းဆန်ခြင်း မဲ့စွာနဲ့
ကော်ဖီခါးခါး တခွက်လား
သောက်ခဲ့ရပေါ့လေ…………..။

မင်းအောင်

In: ကဗျာ Posted By: Date: Aug 10, 2010
Comment #1

Excellent creation

commentinfo By: ei lay at Nov 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment