Professional Authors

အစွန်းရောက် နာကျည်းချက်များဖော်ကျူးခြင်း

 

အစွန်းရောက် နာကျည်းချက်များဖော်ကျူးခြင်း

 

သဏ္ဍန်ဆောင် ပုံမှားဖြောင့်ချက်

မရေမရာအမည်ခံ ဇာတ်လမ်း

စိတ္တဇ အိပ်မက်ဆန်ဆန်

မလုံ့တလုံ လှည့်ကွက်များ

 

မခုတ်တတ်တဲ့ ကြောင်လေး

ညှောင်နာနာ အကြည့်မျိုးက

မျက်မမြင်တွေဆီသာသွား

ဒါဆို…………အရာဝင်လိမ့်မယ်

 

သွားစမ်းပါ……………

အဆံချောင် အုန်းသီးနဲ့

ကန်တော့ပွဲ ဆက်သချင်သပဆိုလဲ

မြို့ ပြင်မှာ ကြိုဆိုနေမှာပေါ့

 

လာပြန်ပြီ…………….

တစ်ဖက်စောင်းနင်း ဒဿနနဲ့

လူလည်ခေါင် အသံကောင်းဟစ်ချင်သေး

သင်တန်းဆင်း မျက်နှာဘေးတွေက

ပုံစံခွက်ထဲ ၀င်နေတာ

 

စိုစိစိ ၀တ်ရုံပတ်ပြီး

ကမ္ဘာတစ်ပတ် ပတ်အုံးမယ်တဲ့

အကာအရံတွေမှ အားမနာ

နောက်ထပ် ဖန်တီးချင်သေးတယ်လား

 

မထိုက်တန်ခဲ့တဲ့ ခံစားချက်များစွာ

အချည်းအနှီးဖြစ်ခဲ့တဲ့ နာရီပေါင်းများစွာကို

မိစ္ဆာဇာတ်ရုပ်မှန် မပေါ်အောင်

ရုန်းရင်းဆန်ခတ် ချုပ်နှောင်ပစ်ခဲ့တာ

 

ဖုံးမရဖိမရ မောက်မာမှုကိုတော့

ခေါက်ရိုးကြိုး နှစ်သိမ့်မှုတွေနဲ့

စကားလုံးတွေ အတတ်ကျူးနေလိုက်တာ

လျှာဖျားက လာတဲ့စာနာမှုဆိုတာ

ရက်လွန်နေတဲ့ အဆိပ်ဖြေဆေးပဲ

 

နောင်တတွေကြောင့် ကမ္ဘာပြို

စေတနာတွေကြောင့် ရေစီးကမ်းပြိုပါပြီလို့

အပေါစား မာယာပွဲခင်းထဲ

ဝလုံးထောင်ပြီး အလံမထူချင်ပါနဲ့တော့

 

ဆေးကျလို့ မပြောင်တော့တာထက်

အကြိမ်ကြိမ်ရောင်စုံဆိုးထားမှ

လက်ချောင်းတွေသာ အံသေသွားမယ်

အက်စစ်နဲ့ချွတ်ရင်တောင် ကျွတ်မယ်မထင်ဘူး

 

နောက်ထပ်……………… နောက်ထပ်လဲ

 

ကံကြမ္မာကိုသာ ဆက်ပြီးပုံချ

ဝါးလုံးခေါင်းထဲ လသာချင်သေးဆို

နောက်လှည့်ပြီး လျစ်လျူရှု

လက်ခုပ်တီးပေးလိုက်ပါ့မယ်

 

သို့သော်………………..

အစွန်းရောက် နာကျည်းချက်များ

ဖော်ကျူးရင်းနဲ့…………………….။။။။။။။။။။။။။။။

 

ရွှေညီမလေး

(၆ရက် ၊ ၈လ ၊ ၂၀၁၀ခုနှစ်)

 

 

 

 

 

 

 

In: ကဗျာ Posted By: Date: Aug 10, 2010
Comment #1

Nice !!!!!

commentinfo By: အမည်မဲ့ at Oct 15, 2010
Comment #2

အဟတ်…………..လို့ပဲ………လာရယ်သွားဒယ်………..။အဟတ်ဟတ်ဟတ်………။

commentinfo By: ရွှေညီမလေးရဲ့အချစ်တော် at Jan 4, 2011
Comment #3

တစ်ပုဒ်လုံး ကြိုက်တယ်

စကားလုံးတွေ အတတ်ကျူးနေလိုက်တာ

လျှာဖျားက လာတဲ့စာနာမှုဆိုတာ

ရက်လွန်နေတဲ့ အဆိပ်ဖြေဆေးပဲ

တစ်ဖက်စောင်းနင်း ဒဿနနဲ့

လူလည်ခေါင် အသံကောင်းဟစ်ချင်သေး

သင်တန်းဆင်း မျက်နှာဘေးတွေက

ပုံစံခွက်ထဲ ၀င်နေတာ

အရမ်းကြိုက်တယ်
မှန်လွန်းလို့….ဟုတ်တယ်

commentinfo By: မယ်မနော at Jul 29, 2011
Comment #4

လာပြန်ပြီ…………….

တစ်ဖက်စောင်းနင်း ဒဿနနဲ့

လူလည်ခေါင် အသံကောင်းဟစ်ချင်သေး

သင်တန်းဆင်း မျက်နှာဘေးတွေက

ပုံစံခွက်ထဲ ၀င်နေတာ

commentinfo By: sone.pyuu at Feb 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment