Professional Authors

စိတ္တဇ အိပ်မက်ထဲက ဒုတိယအနမ်း

စိတ္တဇ အိပ်မက်ထဲက ဒုတိယအနမ်း

 

စိတ်ကူးမဆန်တတ်တဲ့ ညလေးဆီ

စိတ္တဇဆန်တဲ့ အိပ်မက်တစ်ပုဒ်ရောက်လာခဲ့

 

ခပ်ကျဲကျဲ အပြုံးတွေနဲ့

ငါ့မာနကို ပြုစားလို့

 

မာယာလွှမ်းနေတဲ့ အကြည့်တစ်စုံအောက်

င့ါအသက်ရှုသံ အောင့်သက်ခဲ့ပေါ့

 

ပြန်မတွေးဖြစ်တဲ့ အတိတ်က

နာကျည်းမှုမှတ်ဥာဏ်တချို့ တောင်

ဒီတိုင်း ပစ်ထားမိခဲ့

 

တင်းကျပ်ကျပ် ချုပ်နှောင်ရင်း

နှလုံးသားရဲ့  ဦးတည်ရာက

မင်းရင်ခွင်ထဲ မှေးစက်ချင်သတဲ့

 

အနွေးဓါတ်နဲ့ ခြွေအနမ်းတစ်ချက်က

ငါ့သွေးတွေ ပြောင်းပြန်များစီးစင်းစေတာလား

 

အနားနား ဖြည်းဖြည်း…….လေးနဲ့

ဒုတိယအကြိမ်

မျက်လုံးလေး မှိတ်လိုက်…….တယ်။။။

 

ဖြတ်ကနဲ. . . . . လန့်အနိုး

 

အနွေးဓါတ်ကျန်နေတဲ့ ပါးပြင်ကိုစမ်းရင်း

သြော်. . . . .

၎နာရီတောင် ထိုးပြီကိုး။

 

 

ရွှေညီမလေး

(၂၆ရက်၊ ၇ လ၊ ၂၀၁၀)

 

In: ကဗျာ Posted By: Date: Aug 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment