Professional Authors

အကြည့် – နရီထက်

ရွှန်းလဲ့ရည်စို မျက်ဝန်းအားပို
လွှဲဖယ်မရ အကြည့်အားစို
စူးရှထိဝင် မျက်ဝန်းနက်လွှာ
အပြုံးလေးတွေ ဖော်နေပေးသလား
တွေးဝင်သက်မော လှိုက်မောရဖန်
ဆက်ကာဆက်ကာ ကြည့်မိနေသည်

အကြည့်ရယ်ပြိုင် တူမခွာရယ်
ဆက်ကြည့်နေသည်
အချစ်ဆိုတာ တွေးကြည့်နေရဲ့
ဧဒင်ဥယျာဉ်က အချစ်နမ်းတွေကို
မှန်းဆမိသည် မင်းမျက်ဝန်းနက်မှာ
ကန်နက်ရေပြာ စမ်းကျရေသံ
သံသာလွှာတေး သည်ရင်မှာ
ဖိုရပါသည် တစ်ချက်မခွာ
တစ်သက်တာကြည့်ချင်နေရက်
မင်းမျက်ဝန်းမှာ ငေးမိချင်သည်။   ။

နရီထက်
( ၀၉ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 9, 2010
Comment #1

wow,,, 😛
a kyi 1 chat,,,a te hte hti aung tone twar de,,,a chit ye,,,

commentinfo By: ei lay at May 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment