Professional Authors

ငါ့အတွက် ငါ

 

 

 

ဘယ်ဖောက်ပြန်မှုမှာမှ

သစ္စာတရားမရှိဘူး

မေတ္တာတရားမြင်တိုင်း

စစ်မစစ်ခွဲခြားကြည့်နေရတာကို

မုန်းမိလို့

အစစ်တွေရှိတဲ့နေရာတွေကိုပဲ

ရှာနေမိတယ်

တွေ့ပါတယ်ဆက်တိုက်

အတုအယောင်ဆိုတာတွေပဲ

ဖြူစင်ပါတဲ့ တိမ်တွေတောင်

မတည်ငြိမ်တာ

ငါဘယ်သူ့ကို အပြစ်တင်လို့ရမလဲ

သစ်ရွက်တွေတောင်

အမြင့်ကကြွေတယ်

ငါအမြင့်ကိုတောင် မရောက်သေးဘူး

ဟုတ်တယ်လေ

စစ်မရောက်ခင် မြှားကုန်ရအောင်

ငါကိုင်ထားတာ မြှားမှမဟုတ်ပဲ

ဘယ်မှာလဲ အတွေးအမြင်

ဘေးအထင်နဲ့ သိမ်ငယ်

လိမ်ဖယ်နေတဲ့ စိတ်တွေ

သွားစမ်းပါစေ အဝေး

ငါပြေးနိုင်သလောက်ပြေးမယ်

အတွေးတွေ မရပ်သေးခင်အထိပေါ့

 

ကြက်ခြေခတ် X

In: ကဗျာ Posted By: Date: Aug 8, 2010
Comment #1

ကဗျာက ကောင်းပါတယ် အားပေးပါတယ်….။

Comment #2

ဒါပေါ့ဗျာ ပြေနိုင်သလောက် ပြေးရမှာ အတွေးတွေ မကုန်သေးသ၍ပေါ့ ..

commentinfo By: barnay at Aug 9, 2010
Comment #3

မှန်ပါတယ် ပြေးနိုင်သလောက်ပြေးပါ…အဝေးဆုံးကိုရောက်ပါစေ..လို့ …ဆုတောင်းပေးပါတယ်

commentinfo By: Phyu Lay at Aug 9, 2010
Comment #4

ပန်းတိုင်ဆိုတာတစ်နေ့မှာတော့ တွေ့မှာသေချာပါတယ်….ကြိုးစားထားပါ အားပေးနေပါ့မယ်

commentinfo By: Gipsy Lay at Aug 9, 2010
Comment #5

ကောင်းကင်တိမ် XXX အားပေးပါ ကဗျာကလဲ ကောင်းမှာပါ XD
barnay XXX ပြေးနိုင်သလောက်ပြေးပေမဲ့ ညဘက်တော့ အတွေးခဏရပ်ပြီး အိပ်တယ် 🙂
ဖြုလေး XXX အဝေးဆုံးကိုရောက်တာကဟုတ်ပါတယ်..ပြန်လမ်းမမှတ်မိမှ ဒုက္ခ 🙁
ွGispy Lay XXX ပန်းတိုင်တွေ့တာတောင် ဆက်ပြေးချင်နေရင် ဒုက္ခ :O

( အားလုံးကို ခင်မင်သော အားဖြင့် မိတ်ဖြစ် ဆွေဖြစ် နောက်မိခြင်း ဖြစ်ကြောင်း ဝန်ခံပါ၏ 😛 )

commentinfo By: ကြက်ခြေခတ် at Aug 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment