Professional Authors

ရည်းစားစာ (သက်ထွေး)

ဘာကိုမှ မကြောက်ပါဘူးကွယ် …

မင်းဆင်တဲ့ ထောက်ချောက်ထဲ
မဆင်းမိမှာပဲ ငါကြောက်တယ်
အချစ်ဆိုတာ ပြေးရင်းလွှားရင်း
ခလုတ်တိုက်မိတတ်ကြတဲ့ အရာပေါ့ ။

ဘယ်လောက်မှ မဝေးပါဘူးကွယ် …

ပြောင်းပြန် ယူဆကြပေမယ့်
ပြန်ပြောင်းပြီး မက်ပေးလို့မရတာ
အိပ်မက်ပေါ့
မြေကြီးနဲ့ကောင်းကင်ဟာ
မြင်နိုင်ရုံလောက်သာ ဝေးပါတယ် ။

ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပါဘူးကွယ် …

စက္ကန့်တံထဲ အချိန်ထည့်ခဲ့သူကိုရော
“တူ” ပြီလို့ အော်ခဲ့တဲ့မင်းကိုရော
“ကမ္ဘာ” က “နေ” ကိုပတ်တာ
“လ” နဲ့တွေ့ရဖို့အတွက်ပဲ မဟုတ်လား ။

ဘာကိုမှ မလိုအပ်တော့ပါဘူးကွယ် …

မပြီးပြည့်စုံပဲ လိုအပ်ခြင်းက
သဘာဝတရားလို့ ခေါ်တယ်
ပြီးပြည့်စုံပြီး လိုအပ်နေခြင်းကိုတော့
လောဘတရားလို့ ခေါ်တယ်
ထပ်ကိန်းတွေတင်လည်း
ဘယ်လိုမှ မပြောင်းလဲတဲ့
ပြီးပြည့်စုံခြင်းမျိုးနဲ့ ငါ့ကိုတော့
ငါက “သုည” လို့ခေါ်တယ် ။

ဘာကိုမှ ရှက်မနေတော့ပါဘူးကွယ် …

လူယဉ်ကျေးတွေက
“မျှော်လင့်ခြင်း” လို့အမည်တပ်ပြီး
လက်မဖြန့်ပဲတောင်းတယ်
ငါကတော့
ခွက်လဲဆွဲတယ်
လက်လဲဖြန့်တယ်
လူယဉ်ကျေးလဲ လုပ်တယ်
သဒ္ဓါတရား အနည်းအများမထားဘဲ
မင်းငါ့အား “ရည်းစား” ထားတော့ ။ ။

သက်ထွေး
သြဂုတ် ၈ ရက် ၂၀၁၀ နေ့လည် ၁၂း၁၉

In: ကဗျာ Posted By: Date: Aug 8, 2010
Comment #1

လိုက်ကိုမမှီ တော့ပါဘူး ကွယ်….

ရေးလိုက်တိုင်း လန်ထွက်စ် နေတယ်
အားလုံးက ကြိုက်ကြခိုက်ကြ မှာပါ ပဲ
မင်း ညှစ် သမျှ ထွက် သမျှ
စာသားတွေ က သေဆို သေ လို့ ရ နေပြီ

ရည်းစားစာ တဲ့လား ကွယ်….

မင်း ဘယ်ကောင်မလေးကို ပေး မလို့လဲ?? (ဟွင်းးး ဟွင်းးး) 😛
လူလိမ္မာ လုပ် ပြီး ဒီဘက် ကို လက်ညှိုး မထိုးလဲ
နာ ..ကတော့ မင်း လက်ကို ဆွဲ မှာ
အနားကို လဲ ကပ် မှာ 😛
ကလေးလိုလဲ ဆိုး မှာ (ဟဲ..ဟဲ..)
ဒါ့ကြောင့်
မင်းငါ့အား “အမှန် အတိုင်း” ပြောတော့

commentinfo By: kook at Aug 8, 2010
Comment #2

ကဗျာက မိုက်ပါ့….

မပြီးပြည့်စုံပဲ လိုအပ်ခြင်းက
သဘာဝတရားလို့ ခေါ်တယ်
ပြီးပြည့်စုံပြီး လိုအပ်နေခြင်းကိုတော့
လောဘတရားလို့ ခေါ်တယ်
ထပ်ကိန်းတွေတင်လည်း
ဘယ်လိုမှ မပြောင်းလဲတဲ့
ပြီးပြည့်စုံခြင်းမျိုးနဲ့ ငါ့ကိုတော့
ငါက “သုည” လို့ခေါ်တယ် ။

ဒါလေးကိုကြိုက်တယ်.. ခိခိ..
ဒါပေမယ့် မမ kook comment ပိုမိုက်တယ်.. 😛

commentinfo By: Kitty Yang at Aug 8, 2010
Comment #3

ကမ္ဘာကနေကိုပတ်တာ
လနဲ့တွေ့ရဖို့ အတွက်ပဲမဟုတ်လား။
ဆိုတဲ့စာသားရယ်
လူယဉ်ကျေးတွေက
မျှော်လင့်ချင်း လို့အမည်တပ်ပြီး
လက်မဖြန့်ပဲ တောင်းတယ် ဆိုတဲ့စာသားကို
အရမ်းကြိုက်တယ် ကိုသက်ထွေးရာ။

commentinfo By: terry at Aug 8, 2010
Comment #4

ကဗျာက ကောင်း လွန်းနေတယ်။တကယ်။မရေးရင်လဲနေကော ရေးလိုက်လို့ကတော့ လန်ထွက်စ်နေတယ်။
သွားပါပြီကိုသက်ထွေး က ၇ှိသမျှစကားလုံးတွေသုံးလိုက်တာ ကျွန်တော်တို့တော့ရေးစရာမကျန်တော့ပါဘူး။:):)

နောက်တာနော်…..ဒီအပိုဒ်လေးတွေအရမ်းကြိုက်တယ်

“မပြီးပြည့်စုံပဲ လိုအပ်ခြင်းက
သဘာဝတရားလို့ ခေါ်တယ်
ပြီးပြည့်စုံပြီး လိုအပ်နေခြင်းကိုတော့
လောဘတရားလို့ ခေါ်တယ်
ထပ်ကိန်းတွေတင်လည်း
ဘယ်လိုမှ မပြောင်းလဲတဲ့
ပြီးပြည့်စုံခြင်းမျိုးနဲ့ ငါ့ကိုတော့
ငါက “သုည” လို့ခေါ်တယ်

လူယဉ်ကျေးတွေက
“မျှော်လင့်ခြင်း” လို့အမည်တပ်ပြီး
လက်မဖြန့်ပဲတောင်းတယ်
ငါကတော့
ခွက်လဲဆွဲတယ်
လက်လဲဖြန့်တယ်
လူယဉ်ကျေးလဲ လုပ်တယ်
သဒ္ဓါတရား အနည်းအများမထားပဲ
မင်းငါ့အား “ရည်းစား” ထားတော့ ။ ။ ”

commentinfo By: naynyo23 at Aug 8, 2010
Comment #5

့ha ha တစ်ပုဒ်လုံးက လန်းချက် ကောင်းချက်..
လန်းချက် က 9 လောက်ရှိတယ်..
Ooops .. sry sry မှားလို့ လန်းချက်က 9 ဟုတ်ဘူးးးး.. လန်းချက် က beyond 9 .. (:
clapping clapping **** 777777777777777777777777777

commentinfo By: ဖြိုးဖြိုး at Aug 8, 2010
Comment #6

အရမ်းကောင်းပါတယ်… ကိုသက်ထွေး… ကျနော်ဖတ်ပြီးတောင် စာရေးချင်စိတ်မရှိတော့ဘူး (ကိုသက်ထွေးစာအရမ်းကောင်းလွန်းတော့… ကျနော်ရေးတဲ့စာတွေကို သနားမိတယ်).. စာလုံးသုံးထားတာလဲမိုက်… အတွေးကလည်းမိုက်တယ်… ဒီလိုမျိုးဖတ်ခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ်…

လေးစားစွာဖြင့်

commentinfo By: deadxromeo at Aug 8, 2010
Comment #7

ဟုတ်တယ်ဗျာ….အဲဒီစကားလုံးတွေရှိတဲ့နေရာကို
ကျွန်တော့်ကို ညွှန်ပြပါ
စကားလုံးတွေမိုက်လို့
🙂

commentinfo By: anatyong at Aug 9, 2010
Comment #8

ရတဲ့ကောင်မလေးကတော့..ချက်ချင်းကိုအဖြေပြန်ပေးမှာပဲ..
ဘယ်နှစ်ယောက်ပေးပြီးပြီတုံး..ကဗျာဆရာရေ…။။။

ခင်မင်စွာဖြင့်…..
အမရာ

commentinfo By: အမရာ at Aug 9, 2010
Comment #9

သြော် သူကြီး သူကြီး ဒီအရွယ်ကြီးရောက်မှာ ရည်းစားစာ ရေးရတယ်လို့။ တခါမှ မဖတ်ဖူးဘူးဗျာ ဒီလောက် ကောင်းတဲ့ ကဗျာ ( မှတ်ချက်။ ချီရွန့် ကဗျာမပါ ) ။ စကားလုံး သုံးထားတာလေးတွေ သဘောကျတယ်။ ဒီကဗျာဖတ်ပြီးတော့မှ ကိုယ့်ကဗျာကိုယ်ပြန်ဖတ်တော့ …… ဟဲဟဲ ပြောမပြေဘူး။

commentinfo By: ChIr0N at Aug 16, 2010
Comment #10

နာမည်အလွဲသုံးစားလုပ်မှုအတွက် အလျော်ပေးပါ။
သုည ဆိုတာ ကျုပ်မှတ်ပုံတင်ပြီးသားနော်… သဂျီး

commentinfo By: Za TaGwel at Aug 29, 2010
Comment #11

ရှယ်တကာ့ရှယ်ပါပဲလား

commentinfo By: ကိုဇင် at Sep 9, 2010
Comment #12

ဒီလောက်ကောင်းရလားဗျား ။ လန်ထွက်လို့ ခြံဖိနပ်တောင်မခတ်ထားဘူး ။ တကယ်တော့ ကောင်မလေးတွေကို ယုံအောင်ကြွေအောင်ပြောရတယ် ။ ယုံလားတော့မသိဘူး ခြုံကြားတော့ လှုပ်စိလှုပ်န့ဲ။

commentinfo By: sawharry at Sep 10, 2010
Comment #13

အရမ်းမိုက်တယ်…………….

commentinfo By: ရွှေပြည့် at Sep 15, 2010
Comment #14

လူယဉ်ကျေးတွေက
“မျှော်လင့်ခြင်း” လို့အမည်တပ်ပြီး
လက်မဖြန့်ပဲတောင်းတယ်
ငါကတော့
ခွက်လဲဆွဲတယ်
လက်လဲဖြန့်တယ်
လူယဉ်ကျေးလဲ လုပ်တယ်
သဒ္ဓါတရား အနည်းအများမထားဘဲ
မင်းငါ့အား “ရည်းစား” ထားတော့ ။ ။

ကူးပါ၇စေဗျာ ဒီတစ်ပိုဒ်တော့ ကြိုက်လွန်းလို့ ပါ ………… gtalk မှာ CM တင်ထားချင်လို့ ပါ အကို

commentinfo By: MyoZin at Jul 5, 2011
Comment #15

အရမ်းကောင်းတဲ့ အချစ် စာလေး တစ်စောင်ပါ –

commentinfo By: လမင်း at Nov 24, 2011
Comment #16

အရမ်းကောင်းတဲ့ အချစ် စာသားလေးပါ –

commentinfo By: လမင်း at Nov 24, 2011
Comment #17

wow,,,
pat pat sat sat ko kyike de.
poe soe pat sat mike de.

commentinfo By: ei lay at Jun 29, 2012
Comment #18

မပြီးပြည့်စုံပဲ လိုအပ်ခြင်းက
သဘာဝတရားလို့ ခေါ်တယ်
ပြီးပြည့်စုံပြီး လိုအပ်နေခြင်းကိုတော့
လောဘတရားလို့ ခေါ်တယ်
ထပ်ကိန်းတွေတင်လည်း
ဘယ်လိုမှ မပြောင်းလဲတဲ့
ပြီးပြည့်စုံခြင်းမျိုးနဲ့ ငါ့ကိုတော့
ငါက “သုည” လို့ခေါ်တယ် ။

လူယဉ်ကျေးတွေက
“မျှော်လင့်ခြင်း” လို့အမည်တပ်ပြီး
လက်မဖြန့်ပဲတောင်းတယ်

commentinfo By: chocolate at Jun 29, 2012
Comment #19

လူယဉ်ကျေးတွေက
“မျှော်လင့်ခြင်း” လို့အမည်တပ်ပြီး
လက်မဖြန့်ပဲတောင်းတယ်
ငါကတော့
ခွက်လဲဆွဲတယ်
လက်လဲဖြန့်တယ်
လူယဉ်ကျေးလဲ လုပ်တယ်
သဒ္ဓါတရား အနည်းအများမထားဘဲ
မင်းငါ့အား “ရည်းစား” ထားတော့ ။ ။

ကိုသက်ထွေးရဲ့ ရည်းစားစာကိုတော့ အကြိုက်ဆုံးပဲ..း) အစ်ကိုရေးတဲ့ကဗျာတွေအားလုံး ကြိုက်တယ်ဗျ..

commentinfo By: kyaytawthu at Mar 17, 2014
Comment #20

လက်ဝါးဖြန့်ရင် လျှက်စားရမယ် ဆိုတာမျိုးလား အစ်ကို ( နောက်တာနော် ).

စာသားအသုံးအနှုန်းပြောင်မြောက်လွန်းလှ၍ ကဗျာလေးကို နှစ်သက်မိသည်မှာ အမှန်တကယ်ပါဗျို့
အကောင်းမွန်ဆုံး စာသားအသုံးအနှုန်းများဖြင့် ဒီထက်မက ပိုမိုကောင်းမွန်သော ကဗျာ သစ်များ ဆက်လက်မွေးဖွားနိုင်ပါစေ

ချမ်းမြေ့ပါစေ

commentinfo By: နောင်ရိုးစစ် at Mar 19, 2014
Comment #21

love it

commentinfo By: someone at Jul 31, 2015
Comment #22

[…] ပြကွက် (၁) = ရည်းစားစာ ပြကွက် (၂) = သွေးစွန်းသွားခဲ့သောမြစ်တစ်မြစ် ပြကွက် (၃) = လမ်းဆုံလေး ပြကွက် (၄) = ရာသီရွေးမှားသော … တိမ် […]

Leave Comments

Name*

Email*
Website
Email me whenever there is new comment