Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11612 masterpieces

Total Comments 34815 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ချစ်သူ…သိရဲ့လား…

ကို သိရဲ့လား..
ပေါ့ပျက်ပျက်ရယ်သွမ်းသွေး
လောကကြီးကို အရေးမထားတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
ကို့အတွက် လေးနက်ခြင်းတွေရှိတယ်…..

ကိုသိရဲ့လား..
မထီမဲ့မြင် ဟန်ပန်နဲ့
ဘယ်တော့မှ ကဗျာမဆန်ခဲ့တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
ကို့အတွက် နူးညံ့တဲ့ ကာရံတွေရှိတယ်…..

ကိုသိရဲ့လား..
အမြဲတမ်း ဟာသတွေနှောပြီး
ရယ်မော ပျော်ရွှင်တတ်ခဲ့တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
ကို့အတွက် လွမ်းဆွေးခြင်းတွေရှိတယ်…..

ကိုသိရဲ့လား..
အချစ်ကို လိမ်ညာခဲ့တယ်လို့
ကိုအမြဲ စွဲချက်တွေတင်ခဲ့တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
ကို့အတွက် ချစ်ခြင်းအပြည့်ရှိတယ်…..

ကိုသိရဲ့လား..
တချိန်က ကို့ချစ်စကားတွေကိုတွေးတိုင်း
နွေးထွေးစွာ ပြုံးဖြစ်ခဲ့တဲ့
ကောင်မလေးရဲ့ ရင်ထဲမှာ
စူးရှတဲ့ နာကျင်ခြင်းတွေရှိတယ်…..

ပြီးတော့….. ကိုသိထားပါ..
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ခြင်းကင်းတဲ့
ကောင်မလေးရဲ့ ရင်ထဲမှာ
ချစ်ခြင်းနဲ့ ကွယ်ဝှက်ထားခဲ့တဲ့
မာန်မာန ဆိုတာလည်း ရှိတာပဲလေ…..

In: ကဗျာ Posted By: Date: Aug 7, 2010
Comment #1

same feeling with me friend!

commentinfo By: khine at Aug 7, 2010
Comment #2

thanks, friend.

commentinfo By: နှိုင်းခ at Aug 7, 2010
Comment #3

ကောင်းလိုက်တာ နှိုင်းခရေ…. :)

commentinfo By: thukhacho at Aug 9, 2010
Comment #4

အရမ်းကောင်းတဲ့ကဗျာလေးပါ
ဒါတွေမသိခဲ့လို့
ကျွန်တော် ဝေးခဲ့ရဖူးတယ်…

commentinfo By: လွမ်းနောင် at Feb 22, 2011
Comment #5

ကိုသိရဲ့လား..
အချစ်ကို လိမ်ညာခဲ့တယ်လို့
ကိုအမြဲ စွဲချက်တွေတင်ခဲ့တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
ကို့အတွက် ချစ်ခြင်းအပြည့်ရှိတယ်…..

commentinfo By: rabbit at Feb 22, 2011
Comment #6

@ thukhacho
@ ကိုလွမ်းနောင်
@ rabbitအားပေးတဲ့ အတွက် ကျေးဇူးပါ….
ကိုလွမ်းနောင်က မုံရွာ ( စီးပွားရေး) ကလား မသိဘူးနော်……..

commentinfo By: နှိုင်းခ at May 21, 2011
Comment #7

စာသားလေးတွေကထိရှစေတယ်ဗျာ

commentinfo By: tuyiya at Oct 22, 2011
Comment #8

thz so much.
same feeling with u.

commentinfo By: ei lay at Nov 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)