Professional Authors

ရင်ကွဲည တမ်းချင်း

 

 

ငါရူးသွားခဲ့တာ အဲဒီ့ည

နှလုံးသားတွေ ကြေမွလို့

နေမရတော့အောင် ငိုခဲ့ကြတာပဲ

လိုနေတာတွေ မရတော့လဲ

ခဏဖြစ်ဖြစ် ဖက်ထားခွင့်ကိုပဲ

ငါလေ မက်မောခဲ့လိုက်တယ်

ဆက်မပြောနိုင်ခဲ့ကြပါဘူး

ရှေ့ဆက်မဲ့အလွမ်းတွေအတွက်

အားအင်တွေမဲ့နေခဲ့ပြီ

မရောက်ချင်ခဲ့ပါဘူး

မနက်ဖြန်ဆိုတာတွေကို

အဖြေမလိုအောင် ငါတို့ဝေးခဲ့ကြပြီပဲ

ချစ်တယ် ငါနင့်ကိုချစ်တယ်

တစ်သက်စာ အော်ဟစ်ချင်နေတဲ့စကား

လေထဲကပဲနင့်ကိုပြောမယ်

မသွားချင်ခဲ့ပါဘူး ခွဲရမဲ့နေ့ကို

နင့်လက်ကိုတွဲရတဲ့နေ့တွေပဲသိချင်တယ်

ရှိချင်တယ် နင့်ရင်ခွင်ထဲမှာပဲ

ဒါတွေကိုပဲ တမ်းတ

တသသနဲ့ ငါရူးပြီ ချစ်သူရယ်

အနားမှာရှိချင်တယ်

နင့်မျက်နှာပဲ ကြည့်ချင်တယ်

အသိထဲ မှာလဲ နင့်တစ်ယောက်ထဲပဲ

သော့ခတ်လို့ သိမ်း

တစ်သက်လုံးစာချစ်ပစ်လိုက်ချင်တယ်

ငါလေ…

ဆန္ဒတွေနဲ့ရူး

တစ်ရက်တစ်ရက်နဲ့ မထူးပါဘူး

ငါလေ မထူးဇာတ်ခင်းပြီး

နင့်ဆီပြေးလာချင်တယ်

အလှမ်းတွေကွာဝေး

အလွမ်းတွေကို ငါမသိမ်းနိုင်တော့လဲ

ဒီအတိုင်းလေးပဲ ရင်ကွဲနေရတယ်

ဆုံဆည်းခွင့်ရချင်ပြီ ချစ်ရယ်……………….

 

ကြက်ခြေတ် X

 

 

 

In: ကဗျာ Posted By: Date: Aug 6, 2010
Comment #1

မြန်မြန်ရပါစေ သယ်ရင်းရယ်….

commentinfo By: ရှင်ထိပ်ထား at Aug 6, 2010
Comment #2

ကဗျာတွေကအရမ်းကောင်းတယ်နော်…..ဒီထက်အောင်မြင်ပါစေလို့…ဖြူလေးဆုတောင်းပေးပါတယ်….ဒီကဗျာကိုလည်းပြောမပြတတ်အောင်ကြိုက်ပါတယ်…..

commentinfo By: Phyu Lay at Aug 7, 2010
Comment #3

ငါလေ ဆန္ဒတွေနဲ့ရူး…….ဒီအတိုင်းလေးပဲ၇င်ကွဲနေရတရ်
အဲဒီစာသားအရမ်းကြိုက်တရ်
ယူသွားမယ်နော်

commentinfo By: ayeayethi at Aug 7, 2010
Comment #4

ထိပ်ထား …အကြွေးလားဟဲ့….ငါအကြွေးတွေ အများကြီးရစရာရှိသေးတယ်
ဖြုလေး….ပုံမှန်ငါ့ကဗျာတွေ စောင့်ဖတ်နေတဲ့ အတွက် ငါကျေးဇူးအများကြီးတင်ပါတယ်
မအေးသီ….ယူသွားတာက ဟုတ်ပါတယ်..ဘာနဲ့ထည့်သွားမှာတုန်း…

commentinfo By: ကြက်ခြေခတ် at Aug 7, 2010
Comment #5

ကဗျာလေးကိုအရမ်းသဘောကျပါတယ်
နောက်လဲဖတ်ဖြစ်မယ်ထင်ပါတယ်
ကြိုးစားနော်

commentinfo By: hmwehmwe at Oct 5, 2010
Comment #6

ဟုတ် ကျောင်းစာက လွဲလို့ အားလုံးကြိုးစားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment