ငါ့ကိုမချစ်တဲ့ ငါ့ရဲ့ချစ်သူ (Kitty Yang)
နင့်ကိုငါချစ်တယ်
နှုတ်ခမ်းမွှေးရေးရေးလေးနဲ့
ကောင်လေး
ပန်းတစ်ပွင့်ရဲ့အလှကို
ရှုစားရရုံနဲ့ကျေနပ်တယ်လို့ပြောရင်
ငါလိမ်တာမှန်တယ်။
နင့်ကိုငါချစ်တယ်
ပြုံးပြလိုက်၊ရယ်ပြလိုက်နဲ့
အရူးတစ်ယောက်သာဖြစ်သွားပါစေ
မင်းအကြည့်တစ်ချက်နဲ့တင်
သေလောက်တယ်။
်
အော်ဟစ်လိုက်မယ်
“နင့်ကိုငါချစ်တယ်”
ကမ္ဘာတွေခြားတာမှန်ပါရဲ့
ဒါပေမယ့် ပြေးကြည့်လိုက်ရင်
ကျွန်းနှစ်ခုသာသာလေးပါ။
နင့်ကိုငါချစ်တယ်
လိုလေးသေးမရှိ
နင့်အလိုတွေဖြည့်ပေးပါရစေ
ဒီအတွက်.. “ကျေးဇူးပါ” ဆိုတဲ့
စကားတစ်ခွန်းနဲ့
နင့်အပြုံးတစ်ပွင့်သာ
ငါ့ကိုဝေငပါ… ။
နင့်ကိုငါချစ်တယ်
နင့်ပုံရိပ်က
ငါ့ကိုအပြုံးနဲ့
မျက်ရည်စတွေ
ဖန်တီးပေးတတ်တယ်
ဘယ်လိုပဲဖြစ်ဖြစ်
ငါချစ်တယ်။
နင့်ကိုငါချစ်တယ်
သောကတွေနဲ့သာ
ဝေးပါရစေ
ဆုတွေတောင်းလို့။
12th November 2008
Comment #3
သောကဝေးပါစေနော်.. ဆုတောင်းပေးလိုက်တယ်
By: cho at Aug 15, 2010
Comment #5
နင့်ကိုငါချစ်တယ်
လိုလေးသေးမရှိ
နင့်အလိုတွေဖြည့်ပေးပါရစေ
ဒီအတွက်.. “ကျေးဇူးပါ” ဆိုတဲ့
စကားတစ်ခွန်းနဲ့
နင့်အပြုံးတစ်ပွင့်သာ
ငါ့ကိုဝေငပါ… ။
ဒီအပိုဒ်လေးအရမ်းမိုက်တရ်ရှင်
By: ayeaye at Aug 19, 2010
Comment #7
Thank u all!!
By: Kitty Yang at Sep 14, 2010
Comment #8
နင့်ကိုငါချစ်တယ်
ပြုံးပြလိုက်၊ရယ်ပြလိုက်နဲ့
အရူးတစ်ယောက်သာဖြစ်သွားပါစေ
မင်းအကြည့်တစ်ချက်နဲ့တင်
သေလောက်တယ်။
ဂွတ်တယ်
By: gaganana at Sep 16, 2010
Comment #12
ကောင်းပါတယ် ခံစားချက်အပြည့်နဲ့ေ၇းထားတာပါဘဲလား။
By: khinezarchiwint at Jan 6, 2011
Comment #16
wow……..
so brave.
By: ei lay at Jul 31, 2011
Comment #18
နင့်ကိုငါချစ်တယ်
သောကတွေနဲ့သာ
ဝေးပါရစေ
ဆုတွေတောင်းလို့။
ကစ်တီရေ.. ဒီတစ်ကြောင်းလေးနဲ့တင် လုံလောက်သွားပီ..
ကြိုက်လွန်းလို့ ကူးထားလိုက်တယ်နော်…..
By: မေမုန်းလေး at Nov 23, 2011
Comment #19
so nice
By: ei lay at Nov 23, 2011
Comment #20
ကောင်းပါတယ်
နင့်ကိုငါချစ်တယ်
နှုတ်ခမ်းမွှေးရေးရေးလေးနဲ့
ကောင်လေး
ပန်းတစ်ပွင့်ရဲ့အလှကို
ရှုစားရရုံနဲ့ကျေနပ်တယ်လို့ပြောရင်
ငါလိမ်တာမှန်တယ်။
ဒီအပိုဒ်ကိုပိုကြိုက်တယ်
By: linko at Dec 13, 2011
Comment #21
he,,he,,
By: ei lay at Dec 18, 2011
Comment #22
read again
By: ei lay at Dec 29, 2011




11611 masterpieces
34811 comments
3729 members
974 pc authors
Comment #1
ဟုတ်တယ် အချစ်က ပြေးတတ်လို
လှည့်စားတတ်တယ်….
တချို့ ကအချစ်ကိုစော်ကားတယ်