Professional Authors

အလှတရားရဲ့ အမှောင်ခြမ်း

ကြည်နူးမှုအာရုံငတ်မွတ်နေသူတွေကို

သူမက သူမရဲ့ရူပါအဆင်းနဲ့ ဒါနပြုတယ်။

သူမပြုတဲ့ ဒါနဒဏ် မခံနိုင်သူတို့ ရူးကြ၊ မူးကြ။

သတ်ကြ၊ ဖျက်ကြ။

ဒီလိုနဲ့ နှလုံးသွေးတချို့ဟာ သူမရဲ့နုညံ့လှပတဲ့ ခြေဖ၀ါးမှာ စွန်းထင်းခဲ့တယ်။

သွေးစွန်းရာက သွေးဆာလာတတ်တာ သဘာဝတစ်ခုလား။

သူမဟာ အကိုးကွယ်ခံလိုသူဖြစ်လာတယ်။

လိုအင်တွေရဲ့ထုထည်ကြီးမားလာတာနဲ့အမျှ

သူမဟာ အဲဒီမှာပဲ နစ်မွန်းတိမ်းပါခဲ့တယ်။

အလှတရားရဲ့ အမှောင်ခြမ်းပေါ့။

In: ကဗျာ Posted By: Date: Jul 30, 2009  

Leave Comments

Name*

Email*
Website
Email me whenever there is new comment