Professional Authors

ဖြတ်သန်းပုံ ဖြတ်သန်းနည်း

၁…..

ငါအိပ်မက် မက်နေတယ် ။ ။

၂……..

ငါ့အိပ်မက်မှာအတိတ်ဆိုတာပါတယ်၊ အဲ့ဒီမှာလူတယောက်ကခုန်နေတယ်၊ သူ့ဆီကိုမရောာက်ရောက်အောင်သွားခဲ့မိတယ်၊ သူနဲ့တွေ့ခဲ့တယ်၊ သူ ငါ့ရင်ခွင်ထဲမှာ အကြာကြီးငိုပြီး အဝေးကြီးကို သူထွက်သွားတယ်၊ ငါ ကျန်ရစ်ခဲ့တယ်။ ။

၃……

ငါ့အိပ်မက်မှာအနာဂတ်ဆိုတာပါတယ်၊ အဲ့ဒီမှာ ငါဆိုတဲ့လူတစ်ယောက် အရည်ပျော်ကျနေတယ်၊ ဘယ်ဘက်လက်မှာ ဓါးရှည်ရှည်တချောင်းနဲ့၊ ငါ့ကိုလှည့်မကြည့်ဘူး၊ လှမ်းမခေါ်ဘူး၊ သူ့ဆီကိုငါသွားတယ်၊ သူ့ဓါးကိုငါ့ရင်ဘတ်နဲ့ရက်ရက်စက်စက် ခုတ်ပစ်ခဲ့တယ်၊ သူခေါင်းငုတ်ထားတယ်၊ ငါထွက်သွားတယ်၊ သူ့ဓါးမှာ ငါ့ရင်ဘတ်ကသွေးတွေ ငိုယိုနေရစ်ကြတယ်။ ။

၎……

ငါ့အိပ်မက်မှာ ပစ္စုပ္ပန်ဆိုတာပါတယ်၊ အဲ့ဒီမှာ လူမပါတဲ့ ခဒ္ဓါအလွတ်ကြီး (ဟောင်းလောင်းပေါက်) တခုရပ်စောင့်နေတယ်၊ ဘာကိုစောင့်နေမှန်းမသိဘူး၊ စောင့်နေတယ်၊ သူ့လက်တဖက်မှာ မနက်ဖြန်မပါတဲ့ နာရီတလုံးရယ်၊ နောက်တဖက်မှာ တခါးပေါက်ရော ပြတင်းပေါက်ရော မပါတဲ့အိမ်လေးတလုံးရယ်၊ ပြီးတော့ အကြည့်မပါတဲ့ မျက်လုံးတစုံက ကောင်ကင်မပါတဲ့ ကြယ်တပွင့်ကိုငေးလို့၊ သူစောင့်နေပါတယ်၊ ဘာကိုစောင့်နေမှန်းတော့မသိဘူး၊ စောင့်နေပါတယ်ပေါ့ ။ ။

၅……

ငါ့အိပ်မက်မှာ ညဆိုတာပါတယ်၊ အဲ့ဒီမှာ ညတွေ ပေါလောမျောနေတယ်၊ အထဲမှာလဲ အလျားလိုက်ရွေ့နေကြတယ်၊ ငြိမ်နေတဲ့လူတွေရွေ့တယ်၊ ရွေ့နေတဲ့လူတွေရွေ့တယ်၊ မစားသင့်တာစား၊ စားသင့်တာထက်ပိုစားကြတယ်၊ ဗိုင်ရပ်စ်တွေ စက်ဝိုင်းပုံရွေ့တယ်၊ ရောဂါဆိုးတွေ ပင့်ကူအိမ်ပုံရွေ့တယ်၊ တစတစနက်ရှိုင်းကြကြေးဆိုရင် ငါ့အိပ်မက်ကငါ့အပေါ်မှာ ဆက်ရွေ့တယ်၊ ငါကအိပ်မက်တွေထဲမှာ ဆက်ရွေ့တယ်၊ တစ်………. တက်………….. တစ်………………….... ………. တက်………………… ……………………..…..တစ်…………………………………. တက်…………………..……………………. တစ်.. ……………………..……………………..……………………..……………..တက်။ ။

.

၆…..

ငါ့အိပ်မက်မှာအိပ်မက်တခု ထပ်ပါလာတယ်။ ။

၇……..

ငါ့အိပ်မက်ထဲမှာလေ……….. အိပ်မက်တွေ နှိပ်စက်လို့မာကြောစပြု နေတဲ့ ကောင်လေးတယောက် ညရဲ့ဝရန်တာမှာ လမ်းမကို ကျောခိုင်း အိပ်စက်၊ ပြီးတော့ ………….. အိပ်မက်…………….. အိုး…………… သွေးတွေ!!!!!!!!!!!!!!! သွေးတွေဆိုတာမှ ရင်ဘတ်အပြည့် ကျန်နေသေးတယ်။ ။

In: ကဗျာ Posted By: Date: Aug 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment