Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11613 masterpieces

Total Comments 34816 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

သံယောဇဉ်ပြတ် နှုတ်ဆက်ခန်း..{terry}

အပေါစားဆန်တဲ့အချစ်အတွက်
ငါခင်းခဲ့တဲ့စကား
ငါရင်းခဲ့တဲ့
နှလုံးသားကိုတောင် အားနာတယ်
ဘာဖြစ်လို့လဲဆိုတော့
ငါ့နှလုံးသားက
လမ်းဘေးစာ မစားဘူး။

ဟိုတစ်ချိန်က နင်နင်းဖို့
ငါခင်းတဲ့ ပန်းဆန်လမ်းဟာ
ငါ့သွေးနဲ့မွှေးပြီး
တောက်လောင်ခြင်းအတိနဲ့
အပြာရောင် ငရဲမီးထက်
ပြင်းစေရမယ်။

နင့်အတွက်
မလိုဘူး မဟုတ်လား
အစကတည်းက
ငါကအပိုလူပါ..
နင့်အတွက်ကျခဲ့တဲ့
ငါ့မျက်လုံးထဲ မိုးတွေဟာ
လှိုင်းတံပိုး အဖြစ်နဲ့
တစ်ချိန်မှာ နင့်ရင်ကို
မုန်တိုင်းဆန်စေရမယ်။

နှုတ်မရတဲ့
စကားတစ်ခုနဲ့ ခြေကျွံ့သူကို 
အသုံးမကျလို့
လွှင့်ပစ်ထားတဲ့ ဓားတစ်ချောင်းနဲ့
ခိုင်းနှိုင်းခဲ့သူ
နင့်ဘ၀နေ၀င်ချိန်မှာ
အဲ့ဒီ့ ဓားနဲ့
မနှုတ်ဆက်ရပါစေနဲ့လို့
ငါ အိပ်ရာဝင်တိုင်း
ဆုတောင်းပေးပါတယ်..။
                                 
                                    terry

In: ကဗျာ Posted By: Date: Aug 1, 2010
Comment #1

အရမ်းကောင်းတယ်….သိလား…တကယ်ပြောတာ

commentinfo By: virtualheart at Aug 1, 2010
Comment #2

။တစ်ချိန်က ကောင်မလေးတစ်ယောက်အတွက်….ရေးထားတာပါ။

commentinfo By: terry at Aug 1, 2010
Comment #3

ဒါဆို ခုကောင်မလေး အတွက်ရေးထားတဲ့ ကဗျာကရော….

commentinfo By: virtualheart at Aug 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)