Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34801 comments

Total Members3728 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ပုံပြောသူ ၁၃ (အောင်ချိမ့်)

ပျဉ်းမပွင့်ပြီ သခွပ်ပွင့်ပြီ
ကသစ်ပွင့်ပြီ ပိတောက်ပွင့်ပြီ
သင်္ကြန်လာပြီ ဒိုးသံလာပြီ
မိုးရွာတော့မယ် သူငယ်ချင်းတို့ ။

အောင်ချိမ့်

ပြောပြီးမှ ပြောတဲ့စကား

၂၀ဝ၀ ခုနှစ် ပြည့်ပြီးတဲ့နောက် ရာစုအသစ်စက်စက်
ထောင်စုအသစ်စက်စက်ကို တွေ့ မြင်ရတော့မယ်။
အဲဒါကို အထိမ်းအမှတ်ပြုပြီး “ပုံပြောသူ” ကိုရေးပါတယ်။
ရာစုသစ် ထောင်စုသစ်အတွက် ၂၀ဝ၀ ထဲကနေ ကျွန်တော့် အနုပညာနဲ့ 
ပုံပြောတဲ့သဘော ကျွန်တော်က ရာစုသစ် ထောင်စုသစ်ကို
ပုံပြောပြီး ကြိုဆိုတဲ့သဘောပေါ့လေ။
ပုံပြောတယ်ဆိုတဲ့အဓိပ္ပာယ်က
မယုံနိုင်စရာ စွဲလမ်းစရာ လွယ်ကူသောဇာတ်လမ်းများကို ပြောပြခြင်းလို့ ဆိုလိုပြီး
ရွေ့လျားအဓိပ္ပာယ်ကတော့
လိမ်ပြောသွားတယ် လှည့်စားသွားတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော် ပုံပြောလိုက်ပါတယ်။
ဟဒယမှာ ရိုက်ခတ်လာတိုင်း လင်းခနဲအလှကိ
အကြိမ်တိုင်းပေးတဲ့ ပုံပြင်ဆရာကြီး ဟန်းအန်ဒါဆင်လိုပဲ
ကျွန်တော့်ပုံပြင်များက ရည်ရွယ်ပါတယ်။
ကျွန်တော့်ပုံပြင်လေးတွေက သေးတဲ့အတွက်
ဖတ်သူများကျေနပ်မှုလျော့လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။

လေးစားစွာဖြင့်
အောင်ချိမ့်

/*(: ဆရာအောင်ချိမ့်ရဲ့ ပုံပြောသူ(၁) ကနေ (၁၂) ထိ ကို စာအုပ်ကနေ ရိုက်ပြီးတင်ပေးတာပါ။ အခု နောက်ဆုံးအပုဒ်ကျမှ ကံကောင်းပြီး ရွှေဝါပြည် ကနေ ရိုက်ပြီးသား သွားတွေ့ပါတယ်။  တနင်္ဂနွေမှာ ဆရာအောင်ချိမ့်ရဲ့ ပုံပြင်တွေ ပြီးအောင်နားထောင်ရအောင်ဆိုပြီး အဲဒီကနေ ပျော်ပျော်ကြီး copy ကူးပြီးတင်လိုက်တာပါ။ (: (: */

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3930)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)