နတ်ဝှက်တမ်း မကစားကြေး – နရီထက်
ကလေးဘ၀ ငယ်စဉ်မှာကွယ်
ဖျာလိပ်ထဲ ၀င်ကာပုန်းလို့
အစ်ကိုတွေ အစ်မတွေကို
ရှာစေချင်တယ် သည်အငယ်ဆုံးလေး
သားထွေးလေးမှာကွယ်
အစ်ကိုအစ်မတွေက
ကလေးရယ် နောက်မကစားနဲ့
နတ်ဝှက်တတ်တယ်
အတွေးထဲ မှတ်ထားတယ်
နတ်ဝှက်တတ်တယ်
လူပျိုပေါက် ကျွန်တော်ဘဝ
အရင်ဆုံး အစ်ကိုကြီးမှာ
ကြွေလွင့်ကာ ဆုံးရှာတယ်
အစ်ကိုကြီးကို နတ်ဝှက်လေသလား
ဆယ်တန်းဖြေပြီးကာစ
ပျော်ရွှင်နေတဲ့အချိန်
ကျွန်တော်ဘ၀မှာ အစ်ကိုလတ်တစ်ယောက်
ပျောက်ခြင်းမလှ ပျောက်ခဲ့တယ်
ယနေ့ အထိ နတ်ဝှက်ထားလေသလား
တက္ကသိုလ်တက်နေတုန်းဝယ်
အစ်မငယ်မှာ အိမ်ထောင်ပြုရှာ
ချစ်ခင်ပွန်းနှင့် အဝေးကို
ထွက်သွားကြတယ်
တစ်နယ်တစ်ကျေးကိုကွဲ့
နတ်မင်းရယ် ဒီတစ်ခါ
လှည့်စားလို့ နေရာပြောင်းလိုက်တာလား
ကွဲပြားနေတဲ့ တို့မောင်နှမတွေ
နတ်မင်းရယ် မ၀ှက်မထားပါနဲ့
သံယောဇဉ်ကြိုးတန်းပျောက်ရှာနေပြီး
မေတ္တာရေတွေ ခမ်းလုနေပြီး
တို့မောင်နှမတွေကို ချစ်ရင်လေး
နတ်ဝှက်တမ်း မကစားပါနဲ့။ ။
နရီထက်
( ၁ ၊ သြဂုတ်လ ၊ ၂၀၁၀ )




11611 masterpieces
34801 comments
3728 members
974 pc authors
Comment #1
cute