Professional Authors

ချစ်ဆရာမ – နရီထက်

အေးမြတဲ့အပြုံး
သဒ္ဒါတရားပိုကာရယ်
စေတနာထား ကလေးတွေကို
စိတ်ရှည်ရှည်နှင့် စာပြပေးသူ
ချစ်ဆရာမရယ်. . .
အသဲငယ်ငယ် ကျွန်တော်ကိုလည်း
အချစ်ဖတ်စာအုပ်ယူလာတယ်
စာပြပေးပါလား. . .ချစ်ဆရာမရယ်
မျှော်လင့်ခြင်းရောင်ခြည်သန်း
အိမ်မက်တွေ ပုံပြင်တွေ မပြောပြပါနှင့်
ကျွန်တော် . . . ကလေးမဟုတ်ပါ
ချစ်ဆရာမရယ် . . .

ချစ်ဇာတ်လမ်းတွေ ပြောပြပေးပါ
ချစ်သတ်ပုံတွေ ဖတ်ပြပေးပါ
ရိုမီယိုနှင့်ဂျူးလီယက် အကြောင်း
နေ့တိုင်းပြောပြပေးပါ
ကျွန်တော် အမြဲနားထောင်ချင်တယ်
ချစ်ဆရာမရယ်. . .
ခ. . ရပင်း. . စ .ငသပ်. . ချစ်. . ချစ်. . ချစ်
ခဏခဏ ရွတ်ပြပေးပါ
ကျွန်တော် နှလုံးခုန်လာရင်
နဖူးလေးကို စမ်းပြီး နေကောင်းသေးလား
မေးပေးပါ. . . ချစ်ဆရာမရယ်. . .

ချစ်ဆရာမရယ်
ကျွန်တော် . . ချစ်စုဗူးလေး စုထားတယ်
ဆရာမကို လက်ဆောင်ပေးဖို့ကွယ်
အသဲပုံလေး ပို့စ်စကပ်ပေးချင်ပါတယ်
ချစ်ဆရာမကိုကွယ်. . .

နရီထက်
( ၁ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 1, 2010
Comment #1

ha,,ha,,
so cute.
really lovely.

commentinfo By: ei lay at Mar 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment