Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11613 masterpieces

Total Comments 34816 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ကြယ်ပြောသော ပုံပြင်

တိတ်တခိုး နဲ့ ……….
ကွဲရှ သွားတဲ့ မှန်စ တစ်ခုလို
ပြန် အစရှာ ဆက်လို့ မရတော့ဘူး…
ရိုးအီနေ တဲ့ ပုံပြင်ဟောင်းလဲ
ဟိုးရှေးရှေးတုန်းက အကြောင်းတွေ
အစ ရှာမနေပါနဲ့ 
တွေးမိတိုင်းလွမ်းတယ်
ဆွေးမိတိုင်း အားအင် ချိနဲ့ တယ်….
လွမ်းတာကို လွမ်းတယ် လို့ မဆိုမိရင်
ဘယ်ပညာရှင်စကား နဲ့ 
ငါ ရွတ်ဆိုပြရမလဲ…..

တို့ သတ်မှတ်ခဲ့တဲ့ အပြာရောင်ဘာသာစကားတွေ
ဟိုး…ကောင်းကင်မှာ ကြယ်လေးတွေ အဖြစ်နဲ့ 
သက်သေထူမယ်….
အချိန်ရှိတိုင်း ကြယ်လေးဆီတိုင်တည်ပါ
သူ မင်းကို ချစ်ခြင်းတွေ ပေးလိမ့်မယ်
ငါ့အတွက်တော့ ဘယ်သောအခါမှ
မဆုံးသော လွမ်းခြင်းတွေ ပေးတယ်…..
မယုံနိုင်အောင်ပါပဲ …
ငေးနေရုံလေးနဲ့ တစ်သက်စာ ချစ်မိသွားတယ်….၊၊    ၊၊

မင်း ရဲ့ အပြုံးတစ်ချက်ကြောင့်
ငါ ခဏတာ အိပ်မောကျသွားတယ်
ဒီ အိပ်မက် ငါ ဘယ်တော့မှ
မနိုးပါရစေနဲ့ …
ဝိုးတ၀ါး နဲ့  ငါ အရှုံးများခဲ့တယ်…
သတ်မှတ်ချက်မရှိတဲ့ ငါ့အချစ်ဟာ
တိုင်းတာရင်တော့ အဆုံးအစ မဲ့တယ်…
တရားသဘောနဲ့ ရှု ရင် မင်းအတွက်ကြောင့်ပဲ
ငါ လောကီ ကို ခုံမင်တယ်…..

အကြောင်းပြချက် တစ်မျိုးမျိုးနဲ့ မှ
ငါ မင်းကို မမုန်းဘူး……
ဘယ်သူ့ ဘက်က မှားမှား
ငါ့ကိုယ် ငါ မုန်းမယ်
ငါ ကိုယ်တိုင်က မင်းကို ချစ်ခဲ့တာလေ…..
အခုတော့ …ငါ
အရာရာကို မခုံမင်တတ်ခဲ့ပြီ
အရာရာကို စွန့် လွတ်တတ်ခဲ့ပြီ
ငါ့ရင်ထဲက သမုဒယ သခင်….
ငါ ပြောသော ပုံပြင်များ
ရင်ထဲမှာ သိမ်းထားပါ…..
တစ်နေ့ နေ့ များ ဒို့ တွေ ဝေးသွားရင်
ဟိုးရှေးရှေး တုန်းက အကြောင်းတွေ
တိုက်ဆိုင်တိုင်း လွမ်းပေးပါ………၊၊         ၊၊

In: ကဗျာ Posted By: Date: Jul 31, 2010
Comment #1

အကြောင်းပြချက်မရှိဘဲနဲ့မမုန်းပါနဲ့။ဟုတ်တယ်နော်။

commentinfo By: layykyoe at Jan 3, 2011
Comment #2

……………………………………
ကြွေတယ်

commentinfo By: အသဲကွဲမိုး at Jan 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)