Professional Authors

မကြောက်တရား

 

 

 

ဘာတွေလဲ

ဒီနေ့က မသေချာ

မနေ့က မရေရာခဲ့ပေမဲ့

လက်ရှိတိုင်း မှာနင့်ကိုချစ်တယ်

ခဏတာတိုင်းကို မက်မောလို့

စက္ကန့်တိုင်းကို နင့်အတွက်ရေတယ်

နာရီကို တောင်ဘောင်ခတ်လို့

နင့်အတွက်လို့ပဲ သတ်မှတ်တယ်

 

နင်မမြင်တတ်ဘူးမလား

ငါက ငါ့ကိုယ်ငါမရွံ့ဘူး

နင့်အတွက်ဆို အရာရာစွန့်တယ်

လမင်းတစ်စင်း…….

နင့်ရောင်ခြည်ကိုပဲ ငါချစ်တယ်

နေမင်းဘယ်လောက်လှလှ

 

နင့်အတွက်ဆောက်ထားတယ်

ငါ့အချစ်နဲ့နတ်နန်း

နင်တစ်ချက်လှမ်းရုံတောင်မှ

နင်မစွန့်နိုင်သေးပါဘူး

ငါသိပါတယ်

ငါက တေလေငှက်

 

မလွမ်းဆွတ်ပါဘူး

မကြေကွဲဘူး

မငိုငြီးဘူး

ငါဆိုတဲ့ကောင်က

အေးအေးလေးပဲတွေးပြီးဆွေးတာ

 

ကြက်ခြေခတ် X

In: ကဗျာ Posted By: Date: Jul 30, 2010
Comment #1

အကိုက အေးအေးလေးပဲတွေးပြီးဆွေးမယ်ဆိုတော့…..ကောင်မလေးကိုဖွင့်မပြောပဲနေတော့မယ်ပေါ့…ဟုတ်လား….သူသိအောင်ပြောလိုက်ပါအကို….ကျန်တာ..ကိုယ့်ကံပေါ့…

commentinfo By: Phyu Lay at Aug 2, 2010
Comment #2

ဖြူလေး….ကဗျာတစ်ပုဒ်ထပ်တင်ထားတယ်….ဖတ်ပြီးရင် နာမ်စားပြောင်းခေါ်ပေါ့…..:-}

commentinfo By: ကြက်ခြေခတ် at Aug 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment