Professional Authors

အိပ်တော့ကွယ် – နရီထက်

မကြည့်ရက် မောင့်ရင်မှာ
လွဲဖယ်မယ်ကြံကာပင်
ကိုယ့်လက်မှာ မှေးစက်လို့
အနားမှ နေချင်သူလေးရယ်
မင်းခံစားနေတာတွေ မျှဝေယူဖို့
အချစ်နတ်ဆိုးဆီမှာ တိုင်တည်သေးတယ်
ငါ့ရဲ့ မျှဝေမှုကို သူက ဇွတ်ငြင်းခဲ့တယ်

အချစ်ဆိုတာ မင်းခံစားဖို့
ငါသင်ပေးခဲ့တယ် မင်းကိုယ်တိုင်လည်း သင်ယူခဲ့တယ်
ဒါပေမဲ့ မင်း စာမလိုက်တဲ့ကလေးလို့
ခြေချော်လက်ချော်ဖြစ်ခဲ့တယ်
မင်းမှာ ပျော်ရွင်ခြင်းဆိုတာလည်း
မခံစားနိုင်ဘူး
ရင်ခုန်ခြင်းဆိုတာလည်း
မခံစားနိုင်ဘူး
လွမ်းဆွတ်ခြင်းဆိုတာလည်း
မခံစားနိုင်ဘူး
မင်းမိဘတွေက မှာလိုက်တယ်
မင်းကို ဂရုစိုက်ပေးပါတဲ့
မင်းမှာ နှလုံးရောဂါရှိနေတယ်

အိပ်တော့ ကလေးရယ်
ညင်သာစွာနဲ့ ကိုယ်လက်ကို
ကိုင်လို့ တဖြေးဖြေးအိပ်လိုက်ပါတော့
မင်း အိပ်ပျော်သွားမှာပါ ကလေးရယ်။    ။

နရီထက်
( ၃၀ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 30, 2010
Comment #1

Har…
Har..
har…
really touching.
now I gotta sleep af reading this powerful cutie poem.

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment