Professional Authors

ချစ်စပယ် – နရီထက်

အဖြူလွှာသက်သက် မင်းအလှ
စိမ်းရည်လွှာခြုံထားပါတဲ့ မင်းဘဝ
တည်ငြိမ်အေးချမ်းခြင်း နိမိတ်တွေလား
အေးမြသက်ဝင် မင်းအကြင်နာ
ဒီရင်မှာ ပိုရပါတယ် မင်းစေတနာ
လှလွန်းလို့ ငေးမိနေတယ်
မင်းအနားမှာ သည်မောင်မှာလေး
ကြွေရပါတယ် မောင့်အသည်းတစ်နေရာ
အကြည့်တစ်ချက်မှာ ငိုက်မိရသူ
နောင်တစ်သက် စွဲလောက်ပါရဲ့
ဖ၀ါးတော်မခွာ တစ်ချပ်တစ်လှမ်းမျှ
မင်းအနားမှာ ထိုင်ကာလေး
ငေးမိချင်တယ် ချစ်စပယ်ရယ်။     ။

နရီထက်
( ၂၉ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 29, 2010
Comment #1

eeeeeeeeeeeeeeeeeeeeeee
rrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrr
a yan mike de kwar

commentinfo By: ei lay at Jan 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment