Professional Authors

ငြိမ်းချမ်းရေးအနု့ပညာ

သူငယ်ချင်းကပြောတယ်
ငါ   ကမ္ဘာကြီးကို
ကယ်တင်ချင်တယ်တဲံ့
ကြီးကျယ်လိုက်တာ
ကမ္ဘာကြီး ဖျားနာနေတာ မှန်ပေမယ့်
မင်းထင်သလောက်တော့ မဟုတ်ဘူးပေါ့
ဒီ မြေကြီးပေါ်မှာ
ကဗျာတွေ ရှိခဲ့တယ် ရှိနေတယ်
ပန်းချီတွေ ရှိခဲံတယ် ရှိနေတယ်
ဂီတတွေရှိခဲ့တယ်  ရှိနေတယ်
ဒါ   ငါသိသလောက်
ဒီ့ထက်ကျယ်ပြန့်တဲ့
ဟိုး…… မိုးကုတ်စက်ဝိုင်းထိတောင်
အနု့ပညာတွေ
ပုံစံမျိုးစုံ အရောင်သွေးမျိုးစုံ
အလုးံအရင်းနဲ့ကိုရှိနေတယ်    ရှိခဲ့တယ်
ဒါဟာ 
ပီကာဆိုရဲ့ဂျိုးငှက်တွေ မဟုတ်လားကွာ  သူငယ်ချင်းရာလို့….
ကျန်တော်ပြောလိုက်တယ်……..။

ဥာဏသစ်

In: ကဗျာ,Others Posted By: Date: Jul 25, 2010
Comment #1

Good poem

Leave Comments

Name*

Email*
Website
Email me whenever there is new comment