Professional Authors

ကြေးစား (မြင့်ဦးဦးမြင့်)

မေမေ
ဒီတစ်ခါလည်း
ကျွန်တော် ရှုံးပြန်ပြီ။

အဲဒီနေ့
နေ့လည်က
ဒါရိုက်တာက ကျွန်တော့်ကို
ထုတ်လုပ်သူ သူဋ္ဌေး နဲ့ တွေ့ပေးတယ်။

အနားယူ ရေကူးနေရာက
ရောက်လာတဲ့ သူဋ္ဌေး က
သိန်းရာ ထောင် အပေးအယူခွင်
စီးပွားရေးအမြင်တွေ ပြောပြ
ကျွန်တော် အားကျလိုက်တာ မေမေ။
(မက်မောတာ  မဟုတ်ပါဘူး။)

ပြီးတော့မှ ..
ဇာတ်ညွှန်းရေးခ  ပြောပါတဲ့
အားမနာပါနဲ့တဲ့
ဒါနဲ့ …
ကျွန်တော်လိုချင်တဲ့ ကိန်းဂဏန်းပြောလိုက်တယ်။

သူဋ္ဌေးက
ဆယ်လူလာဖုန်းကို ချ
ပိုက်ဆံအိတ်ကြီးကို  မ
ငါးရာတန်အထပ်လိုက် ထုတ်ဖွ
ပြီးတော့မှ
နောက်လည်းအလုပ်ဆက်လုပ်မှာ
တစ်သောင်းလျှော့ပါ
ရော့ … စရံနှစ်သောင်းတဲ့။

အနုပညာကောင်းကောင်းလိုချင်ပြီး
အနုပညာကြေးပြည့်ပြည့်ဝ၀မပေးချင်တဲ့
သူဋ္ဌေးဥာဉ်ကို မုန်းပေမယ့်
ရုန်းနေရတဲ့ဘဝ
မာနကိုအလံမထူသာတော့
“မယူလိုက်က  မိုက်လို့ထင်”.. နေမှ။
ဒီခေတ်ကြီးထဲ
မမိုက်ရဲပါဘူး မေမေ။
ရှုံးပေမယ့်
ကျွန်တော်  ပြုံးနေခဲ့ပါတယ်။

မြင့်ဦးဦးမြင့်
(၄၊၉၊၉၉ ရက်သို့ အမှတ်တရ)

“ပင်လယ်ကို လရောင်နဲ့မျှားရတယ်” စာအုပ်မှ ရိုက်၍တင်ပါသည်။

Comment #1

ကဗျာကောင်းလေးဖတ်ပြီး စိတ်မကောင်းဖြစ်သွားရပါတယ်..
ဖတ်ခွင့်ရတဲ့အတွက်တော့ ကျေးဇူးပါ…

commentinfo By: ဖြိုးဖြိုး at Jul 24, 2010
Comment #2

ငွေရှင်တွေရဲ့ဗိုလ်ကျခန်းပေါ့ ………….. သူတို့ကအစစ်ခံ၇မဲ့နေရာဆိုရင်တော့…………

commentinfo By: May Kha at Dec 3, 2010
Comment #3

* အနုပညာဝမ်းစာ *

commentinfo By: ဥသြနက် at Jan 29, 2011
Comment #4

အနုပညာကိုတန်ဖိုးထားရကောင်းမှန်းမသိသေးတဲ့ကာလမှာတော့ အနုပညာသမားစင်စစ်တွေဟာ ဒုက္ခတွေကို ခါးစည်းခံရဦးမှာပဲ။အနုပညာသမားတွေ အမြန်ဆုံးအသိမှတ်ပြုခံရပါစေ။

commentinfo By: lighthunter at Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment