Professional Authors

ကြယ်ကြွေကောက်အနမ်း – နရီထက်

မှောင်နေတဲ့ ငါ့ရဲ့ညလေး
အလင်းတွေကို မျှော်နေမိတယ်
အလင်းတစ်စက် ချစ်တစ်စက်
ပြုံးနေတဲ့ ကြယ်ကလေးတွေရယ်
ငါ့အတွက် သာယာမိတဲ့
မျှော်လင့်ချက်ဆုလာဘ်တွေလား
ငါ့ရဲ့အနီးသက်ဆင်းခဲ့ပါ
ငွေကြယ်တွေရယ်
နမ်းတစ်ရှိုက်နဲ့ပွေ့ပိုက်ချင်တယ်
လင်းတစ်သိုက်နဲ့ ပျော်လိုက်ချင်တယ်
လာခဲ့ပါ ကိုယ့်ဘ၀လေးထဲ
ကြယ်ကြွေအနမ်းတွေနဲ့။     ။

နရီထက်
( ၂၄ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 24, 2010
Comment #1

မှောင်နေတဲ့ ငါ့ရဲ့ညလေး
အလင်းတွေကို မျှော်နေမိတယ်
အလင်းတစ်စက် ချစ်တစ်စက်
ပြုံးနေတဲ့ ကြယ်ကလေးတွေရယ်
ငါ့အတွက် သာယာမိတဲ့
မျှော်လင့်ချက်ဆုလာဘ်တွေလား
ငါ့ရဲ့အနီးသက်ဆင်းခဲ့ပါ
ငွေကြယ်တွေရယ်
နမ်းတစ်ရှိုက်နဲ့ပွေ့ပိုက်ချင်တယ်
လင်းတစ်သိုက်နဲ့ ပျော်လိုက်ချင်တယ်
လာခဲ့ပါ ကိုယ့်ဘ၀လေးထဲ
ကြယ်ကြွေအနမ်းတွေနဲ့။ ။အစ ကနေ အဆုံးထိကြိုက်တယ် ။ကောင်းတယ် လက်တွေခံစားချက်လား စိတ်ကူးခံစားချက်လားတော့ မသိဘူး .ခံစားချက်ကောင်းကောင်းနဲ့ ရေးထားတာပဲ နောက်ကျနေပိ ဆိုပေပဲ့ အားပေးသွားတယ်နော်။

commentinfo By: thuya at Dec 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment