Professional Authors

“အချစ်သို့ ရှူံးနိမ့်ခြင်း”

ဖြစ်နိုင်မယ်ဆိုရင်
ဘ၀မှာ…
တစ်ကြိမ်၊တစ်ခါလောက်တော့
မိုက်မိုက်မဲမဲရူးသွပ်ခွင့်

ကိုရလိုက်ချင်ပါသေး …

မြင်နိုင်မယ်ဆိုရင်
ရင်ကိုခွဲလို့ အသဲကိုပြချင်တယ်
ငါ့ဝဲဘတ်ရင်အုံထက်က
နင့်ကိုယ်ပွား ပုံရိပ်ယောင်လေးကိုလေ …

ကြားနိုင်မယ်ဆိုရင်
မိုင်ကုန်ဟစ်လို့ အသေကျုံးအော်ချင်ပါသေး
ပဲ့တင်ထွက်မတတ် တရဆက်ရွတ်ဖတ်နေတဲ့
ငါ့နှုတ်ဖျားထက်က နင့်နာမည်လှလှလေးအား …

သို့ ပေမယ့်လည်း
ကောင်မလေးရယ်
ဘ၀ဆိုတဲ့စကားလုံးကို
နှုတ်ဖျားကထုတ်ဖတ်ကြည့်တိုင်း
ထိန်းချုပ်ခြင်းအသိအောက်မှာ
ဘယ်ဘတ်ရင်တစ်ခြမ်းက
အောင့်(အောင့်)တက်လာတယ် …

တမ်းတသူ အကျွန်ုပ်ဘက်မှာ
မျှော်လင့်စောင့်စားနေယုံသက်သက်ထက်သာ
ဘာများပိုလို့ 
ကျွန်တော်တတ်သာမလဲဗျာ …

သေချာတာတစ်ခုကတော့
လူတစ်ယောက်ကို
စချစ်မိပြီဆိုကတည်းကိုက
အရာရာ အကုန်လုံး …
autoရှုံးသွားတယ်ဆိုတာ
ဘယ်သူက နားလည်နိုင်မှာလဲဗျာ… ။ ။

♥MOESUTNAY♥

24thMay2010
2:30 a.m.

In: ကဗျာ Posted By: Date: Jul 24, 2010
Comment #1

လာအားပေးသွားတယ်နော်…. ကဗျာလေးကကောင်းပါတယ်….

commentinfo By: နှိုင်းခ at Jul 24, 2010
Comment #2

စန္ဒီဖတ်သွားတယ်နော့..

commentinfo By: sandi at Jun 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment