Professional Authors

“ရူးသွပ်ခြင်း”

နင်မဖိတ်ခေါ်ဘဲ ၀င်ရောက်လာမိတာ
ငါ့အမှားဆိုလည်း
ကျေးဇူးပြုပြီး ဒါ’ကိုလာမတားပါနဲ့ 
ငါ’ဆက်မှားနေပါရစေတော့ …

မသေချာမရေရာတဲ့ အနာဂတ်ကို
ရင်နာနာနဲ့ မလွမ်းချင်ဘူးလို့  နင်ပြောတော့
အင်းပေါ့…ငါ့’ရင်ဘတ်ကြီးက သေနေပြီကိုး

နာလို့ နာမှန်းတောင် မသိရတော့ပါဘူး
လွမ်းနေရရုံနဲ့ တင် ငါကျေနပ်ချင်ခဲ့တာလေ …

နင်သတ္တိမရှိလိုက်တာနော်
Impossible ဆိုတာ
နပိုလီယံရဲ့  အဘိဓါန်မှာ မရှိဘူးဆိုတော့
“ငါ’…ပျော့ညံ့ သူပဲဖြစ်ပါရစေတော့” တဲ့လေ …

သူငယ်ချင်းတွေကတော့ မြှောက်ပေးပါရဲ့ 
auto proxy နဲ့ မရရင် ဘန်းကျော်ပြီးဝင်တဲ့
ငယ်ငယ်ကတည်းကိုက ဆန္ဒမပါတဲ့ အဓမ္မဆိုရင်
ငါ…လုံးဝမလိုချင်ခဲ့တာပါ …

လွမ်းရုံသက်သက်လို့ ပဲပြောပြော
ရူးရုံသက်သက်လို့ ပဲလှောင်လှောင်
တကယ်တော့ ငါဆိုတဲ့ကောင်က
နင့်ကိုယ်ချစ်နေရတယ်ဆိုတဲ့ အသိနဲ့ တင်
ငါ့မနက်ဖြန်တွေ အလှဆင်ချင်နေခဲ့တာလေ …

နင့်အတွက်သာ ငါဟာလိုအပ်ရင်လေ
လျှံထွက်သွားတဲ့အရာတွေကိုတောင်
ပြန်ဖျက်ထားလို့ ရချင်တဲ့ Corrcetion Pen ကောင်းတစ်ချောင်း
နင်မလိုအပ်လို့  ဂျောင်း ဆိုရင်လည်း
ငါကနေတတ်စွာ ကျေနပ်သွားမှာပါ …

နင့်ကိုယ်လွမ်းလို့ 
တစ်ခါတစ်ခါစိတ်ပြေလက်ပျောက် ကဗျာရေးပါတယ်
ဘာတွေးတွေး နင်ပဲဖြစ်နေတော့ ခက်သား
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ဟာ
ငါ့ကဗျာတွေအတွက်
စာသာတွေ တိုးတိုးလာအောင်
ခံစားမှု့ တွေအမျိုးမျိုး ပေးစွမ်းလို့ လေ …

ကဲ …သိပါစေတော့လား
ဟိုး…မဝေးလွန်းလှတဲ့ တစ်နေရာက
ငါ… ချစ်ရတဲ့ ပါးကွက်ကျားမလေးရေ
ပုံမှန်အသက်ရှင်နေထိုင်လိုမှု့ တစ်ခုအတွက်
(ဘယ်လိုဥပါယ်တံမျဉ်မှမပါတဲ့ )
ဟောဒီ့ ကဗျာတစ်စနဲ့ ပဲ
နင့်ကိုယ်ငါ ဖြားယောင်းပါရစေတော့ကွာ … ။ ။

♥MOESUTNAY♥
22.6.2010

In: ကဗျာ Posted By: Date: Jul 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment