Professional Authors

အရက်သမား (၁၀) (ခရမ်းပြာထက်လူ)

မသေမရှင်ဖြစ်နေတဲ့
ဓာတ်မီးတိုင်ရဲ့ အလင်းကိုနင်းလို့
နံရိုး(၆)ချောင်းဆီက
သီချင်းကိုခွာယူ
မီးတောက်တစ်ခုလို ယိမ်းထိုး
ငါအိမ်အပြန်
အဝေးက
လရဲ့ မချိမဆန့်အော်သံကို ကြားရ
အရေးပေါ်
ဂက်စ်မီးခြစ် ရှာမတွေ့၊
လမ်းကြားထဲ
ကားမီးရောင်တွေ ကွေ့ဝင်သွားကြ
သစ်ပင်လား လူလား နာနာဘာဝလား။
ရေနံဆီမီးခွက်
ငါးရှာဖားရိုက်သူတွေရဲ့ မီးအိမ်
စုန်းကစားနေခြင်း
လမ်းဘေးတစ်ဖက်တစ်ချက်
တဖျပ်ဖျပ်လွင်ပြင်
သေသူရဲ့ မျက်လုံးတွေလား။
မျက်နှာကို ဖြတ်ရိုက်သွားပေါ့
အတောင်ပံတစ်ခု
ခွေးတစ်ကောင်တောင်
အခက်ခဲဆုံး ရင်ဆိုင်ရမယ့် အကာလ
အခုမှ၊
ငါ ရနံ့တစ်ခုကို သဲသဲမဲမဲ
သရဲမရဲ အနံ့ခံနေမိ
ငါ့မိသားစုရဲ့ အနံ့
ငါ့သမီးလေးရဲ့ အနံ့ကို
ငါ လှမ်းအဆွဲ
ငါ့နာမည်ဟာ လွတ်ကျသွားတယ်။
ငါဘယ်သူလဲ
အချိန်မတော်
ငါ အခုဖြတ်ကျော်နေတာ
လမ်းမတစ်ခုလား
သင်္ချိုင်းမြေတစ်ကွက်လား
ထိတ်လန့်ပြီး
ငါ့အသားငါဖြဲကြည့်
သွေးထဲမှာ သုညတွေ။     ။

(ရယ်စရာ – ဇွန်၊ ၂၀၀၈)

Comment #1

i like it!!!!!!!!!!!!
i wanna see others of his.
thanks

commentinfo By: khernwai at Aug 4, 2010
Comment #2

ကောင်းပါတယ်ဗျာ
ဖြိုး၂ကိုလည်းကျေးဇူးပါ ဆရာခရမ်းကိုလည်းကျေကျေပါဗျာ

Comment #3

သိပ်စွမ်းအားပြင်းတဲ့ အရက်ကဗျာပါလား။

commentinfo By: lighthunter at Jan 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment