Professional Authors

အိမ်ပြေး (၄) (ခရမ်းပြာထက်လူ)

ကျောက်တုံးကို
ကျုပ်မကြောက်ဘူးလို့အော်ခဲ့
စစ်မြေပြင်တစ်ခုမှာ
အသတ်ခံခဲ့ရ
ဘ၀တစ်ခုမှာ
ဘုရားပန်းအိုးလည်းဖြစ်ခဲ့
ငါဟာ
အခွံတစ်ခု
ငါ့ခန္ဓာကိုယ်ထဲမှာ
ဘုရားပန်းရယ်
ပိုးလောက်လန်းရယ်
ငါ့ကို ကန့်ကွက်စရာ
လူစုလူဝေးမရှိ
ငါဟာ လေထဲမှာ
လေဟာ ငါ့အတွက် အလိုက်ဖက်ဆုံးအိမ်ယာ
ငါဟာ
တစ်နေ့တစ်ခါ
လေ၀င်လေထွက်ကို စောင့်ကြည့်
ရေမလာဘူး
မီးမလာဘူး
လေမလာလို့တော့ မရဘူးမဟုတ်လား
လေဖြစ်ရဦးမယ်
ရွှေဖြစ်ရဦးမယ်
ငွေဖြစ်ရဦးမယ်
တစ်ခါတော့
သေဖြစ်ကြဦးမယ် မဟုတ်လား
မင်းအကြောင်း
ငါမရောင်းစားခဲ့ပါဘူး ကမ္ဘာကြီး
ငါ့အကြောင်း
မင်းရောင်းစားရမယ့်တစ်နေ့
ရောက်လာလိမ့်ဦးမယ်
ငါဟာ
အရောာက်လာခဲ့ဦးမယ်
ငါဟာ
သစ်ပင်ထဲသိမ်းထားတဲ့ အရိပ်ပဲဆိုပါတော့။     ။

ခရမ်းပြာထက်လူ
(ရယ်စရာ – မေ၊ ၂၀၀၈။)

Comment #1

thanks for uploading !!

commentinfo By: khernwai at Aug 10, 2010
Comment #2

ကျောက်တုံးကို
ကျုပ်မကြောက်ဘူးလို့အော်ခဲ့
စစ်မြေပြင်တစ်ခုမှာ
အသတ်ခံခဲ့ရ
မင်းအကြောင်း
ငါမရောင်းစားခဲ့ပါဘူး ကမ္ဘာကြီး
ငါ့အကြောင်း
မင်းရောင်းစားရမယ့်တစ်နေ့
ရောက်လာလိမ့်ဦးမယ်
ငါဟာ
သစ်ပင်ထဲသိမ်းထားတဲ့ အရိပ်ပဲဆိုပါတော့။ ။

commentinfo By: မြေနံ့ at Jun 12, 2011
Comment #3

ကဗျာတွေက ရစ်သမ်သိပ်မြန်တယ်။မနဲဖမ်းဖတ်ရတယ်။ဟစ်ဟော့သီချင်းကနေတာပဲ။

commentinfo By: lighthunter at Nov 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment