Professional Authors

နားလည်ပါစေ

ခံစားချက်ချင်းစီးချင်းထိုးမယ်ဆိုရင်တောင်
နှလုံးသားဟာ
ဘ၀မြစ်ပူပူမှာတိုက်စားချင်းခံရသူမို့ 
ဒီလိုပွဲမျိုးငါရှုံးမှာ………………
ပိုင်ဆိုင်မှု့ ဒြပ်ပေါင်းစုတွေနဲ့ 
ထုဆစ်ကြည့် တော့ 
ငါ့ မှာနင့် ကိုချစ်တာရယ်
သံစဉ်မပါတဲ့ သီချင်ဖြစ်မဲ့ 
ကဗျာတစ်ပုဒ်ရယ်နဲ့ 
အနာဂါတ်ကိုရဲရဲမကြည့် ရဲပါဘူး
ဆူးစူးမှာကြောက်လို့ နှင်းဆီကို
မနမ်းတာမဟုတ်ပါဘူး
နှင်းဆီရနံ့ တွေရသပျောက်ကုန်မှာစိုးလို့ 
ငါဟာနင့် ဘေးမှာသတ္တိမရှိနိုင်သူတစ်ယောက်
ငါ့ ကမ္ဘာမှာသူရဲကောင်းတစ်ယောက်
တစ်မျိုးစီကပြရတဲ့ 
ငါ့ ဇာတ်ခုံမှာ
အခုဆိုအလွမ်းနည်းနည်းနဲ့ 
စိတ္တဇဆန်တဲ့ ကွက်ကများများ
ငါဟာရှုံးနိမ့် သူမဟုတ်ရင်တောင်
ရှုံးနိမ့် ဖို့ ပြင်ဆင်ထားသူပါ
မပြေလည်ခြင်းက
ဘယ်တော့ မှငါ့ ဘေးကမပျောက်သေးမဲ့ အတူတူ
မင်းဘေးကငါပျောက်သွာတာ
အပြစ်တစ်ခုမဖြစ်လောက်ပါဘူး

မင်းလူန

မင်းလူန

In: ကဗျာ Posted By: Date: Jul 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment