Professional Authors

သံလုံးအိမ် – နရီထက်

နေ၀န်းနီနီ ထွက်စပြုလာ
ရောင်ပြန်တစ်လှည့် လရောင်ခြည်ရယ်
တစ်လှည့်စီပြောင်း လေနှောင်းရပ်ဝန်း
ပန်းတွေဖူးစ ပြုနေပြီး
ငှက်တွေလည်း သီချင်းဆိုတတ်ပြီး

ငါရောက်နေတာ သံလုံးအိမ်လား
ထွက်ခွင့်ရယ်မပြု အမောင့်နှလုံးသား
အပိုင်သိမ်းမယ်ကာကြံ
ဟို အဝေးကို မြင်စပြုလည်း
ခြေတစ်လှမ်း မထွက်သာ
လှောင်ပိတ်ကြပ်မွန်းပြီးလား

မိုးတွေရွာလည်း ငါ့လက်ကိုဆန့်
မိုးရွာထဲမှာ နေလိုက်ချင်တယ်
နှင်းမိုးတွေရွာလည်း နှင်းဖတ်ကြားမှာ
ဆော့ကစားချင်တယ်
လေပြေနုနု ပန်းဖူးဖူးကြား
မွှေးရနံ့တွေ နမ်းသက်ချင်တယ်
သဲသောင်ပြင်ကြား ထွက်ပေါက်တစ်ခု
စကားလုံးတွေ ကဗျာတွေ
သဲပြင်ပေါ်မှာ ချရေးချင်တယ်

ဒီသံလုံးအိမ်ထဲ ငါ့တစ်ယောက်ရယ်
မြင်နေသမျှတွေ ပတ်သက်ခွင့်တွေ
တစ်ခုရယ်မှ မရှိခဲ့ပါ
ဖြစ်ပျက်သမျှတွေ ပြောင်းလဲခဲ့လည်း
ကြည့်နေခဲ့တယ်
သူလိုကိုယ်လို ထမင်းစားရေသောက်လောက်တော့
နေ့တိုင်း နေ့တိုင်း လုပ်ဖြစ်ခဲ့ကြတယ်လေး
ဒီသံလုံးအိမ်ထဲမှာ။      ။

နရီထက်
( ၂၁ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment