Professional Authors

အလွမ်း……ပြီးတော့ အလွမ်း

ငါ့ရင်ဘတ်ထဲ
ဖွဖွလေး မင်းဝင်လာခဲ့တာ
အချိန်ဆိုတာ မင်းလက်ဖ၀ါးပေါ်က
လွင့်ကျဖိတ်စင်လာတဲ့
ပန်းတစ်ခင်းလို……….
ဒီလိုပဲ
ငါ့အိပ်မက်ဆီ စက်ဝန်းတစ်ခုလို
အစပြီးတော့
အစကို ပြန်ရောက်နေကြရဲ့……….

မျက်ဝန်းတစ်စုံရဲ့ အရိပ်အောက်မှာ
တိမ်တိုက်တွေ
ရွှေဖြစ်ကုန်ကြပြီကွဲ့
မျှော်လင့်ချက်တွေ
မိုးစက်တွေက ပြေးပြေးဆောင့်ကြ
ခဏခဏ ဗွက်ထလို့
တစ်စက်တစ်ပေါက်နဲ့ကို
တာကျိုးချင်နေကြပြီကွယ်……

တိမ်တွေဆီ ငေးရင်း
လွမ်းကြစို့
တစ်ယောက် တစ်နေရာစီ……..

သွာ်းကြမယ်နော်
မျက်ရည်ကြည်ပြာလဲ့တို့
ဝေးရာဆီ…….
အဲဒီနေရာလေးမှာ
သူရယ်…..ကိုယ်၇ယ်
ပြီးတော့……
သူမြတ်နိုးတဲ့ ကြယ်ပွင့်လေးတွေရယ်
ခပ်ဖွဖွအနမ်းနဲ့
တိမ်တိုက်တွေပေါ်
ငြိမ့်ငြိမ့်လေး လွင့်ကြမယ်ကွယ်………

In: ကဗျာ Posted By: Date: Jul 20, 2010
Comment #1

တိမ်တွေဆီ ငေးရင်း
လွမ်းကြစို့
တစ်ယောက် တစ်နေရာစီ……..

ကောင်းတယ်ဗျာ…..အားပေးသွားတယ်နော်….။

commentinfo By: ကေသရီ at Sep 17, 2011
Comment #2

ငါ့ရင်ဘတ်ထဲ
ဖွဖွလေး မင်းဝင်လာခဲ့တာ
အချိန်ဆိုတာ မင်းလက်ဖ၀ါးပေါ်က
လွင့်ကျဖိတ်စင်လာတဲ့
ပန်းတစ်ခင်းလို……….

commentinfo By: ရနံ့ at Sep 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment