Follow us on Facebook Follow us on Twitter Subscribe RSS Feed

Professional Authors

PoemsCorner Authors

မျှော်သူ (၂)

မျှော်သူ (၂)

သူကသာရောက်မလာဖြစ်ခဲ့တာ
ဥသြသံကိုတော့အခါခါကြားခဲ့တယ်
ရင်မှာတွယ်ထင်ကျန်သက်ပြင်းတွေနဲ့
ညတွေ လင်းသွားခဲ့     ။

ငါက ကိုယ့်ကိုယ်ကိုမှန်အောင်မပေါင်းတတ်တဲ့
အက္ခရာတစ်လုံးပါ
မမှားယွင်းစေဖို့အတွက်
ရင်နဲ့သက်သက်ရေးကာမှ
ရည်ရွယ်ဝါကျတွေအကုန်လုံး
မှင်နီဖုံးခံခဲ့ရတယ်………..။

ဒါဟာ အိပ်မက်တစ်ခုဆိုရင်
တစ်ဝက်တစ်ပျက်နဲ့ ပြီးသွားမှာပေါ့
ဲပြုစားခံနေ့စွဲတွေထဲ
ကျေကျေနပ်နပ်ချည်ထုံးခံခဲ့တဲ့
ဖြည်ဖို့ခက်တဲ့ကြိုးတွေ
ငါ့ကို  . . . . . . .
ရစ်ပတ်ဖွဲ့ချည်နေခဲ့တာ
ဆယ့်နျစ်ရာသီပတ်လုံးပါပဲ…(……..)….ရေ ။     ။

                                                         လင်းဆက်မှူး

In: ကဗျာ Posted By: Date: Jul 20, 2010
Comment #1

that’s right.
really tired.

commentinfo By: ei lay at May 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Contributors

Most Commentators

  • ei lay (11295)
  • အသဲကွဲမိုး (2666)
  • May Kha (1979)
  • poem.poem28 (1673)
  • လုလင်ငယ်သွေး (1112)