Professional Authors

“အသည်းကွဲနေတဲ့ လူတစ်ယောက် …´´

စက္ကူစွန်လို ပေါ့ပါးချပ်လှပ်တဲ့
ဗီးနပ်(စ်)ရဲ့ သမီးပျိုရေ …
လေထုထဲ မင်း အပြုံးတွေ ပေါ့ပေါ့ပါးပါးစွန့်ကြဲလိုက်ပါ …

သွားထက်လေးတွေကို ပေါ်အောင် …
လှပ်ခနဲ လှပ်ခနဲ ပြုံးပေးပါ …
……………………
(၂)
တကယ်ပါ မိန်းမပျို …
အသင့်ခူးထားတဲ့ ဟင်းတစ်ခွက်ကို
“ ခိုးမစားပါဘူး …´´ လို့ ငါ့အာရုံငါးပါးကို ငါကိုယ်တိုင် …
စိတ်မချဘူး …

မင်း …
သိသိ မသိသိ …
မင်းရှိတဲ့ ကောင်းကင်ကြီးဆီ နာရီသံတွေကို
အစီအရီတီးခေါက်ပစ်ခတ်ပေးသူ … ပါ …
…………………………
(၃)
တကယ်တော့လေ …
ငါတို့ အသင့်ခူးဆွတ်ထားတဲ့ နှုတ်ခမ်းသားတွေအပေါ်က
စကားလုံးလေးတွေ … အဖြစ် ချိုမြိန်စွာ …
စားသောက် ခွင်းဖြိုကြတဲ့ အတိတ်တွေအတွက် …
ပြောစရာစကားတခွန်းက …
ခါးသက်တယ် …
စိုရွဲတယ် …
ရွဲ့နွမ်းတယ် …
ပြိုပဲ့တယ် … ကြေကွဲတယ် …
မင်းပေးတဲ့ အတိတ်ကြောင့် ငါ့နှုတ်ခမ်းသားတွေ …
အခုထိ စိုရွှဲအားနွဲ့နေတုန်း …
အေးစိမ့်ချမ်းဖွေးနေတုန်း …

ငါ … နစ်မြောဆဲ …
မြစ်ပြင်ကျယ်ကြီးတမြစ်အထက်မှာ …
လူသားတွေရဲ့ မျက်ဝန်းတွေ အပြည့်အ၀နဲ့ …
တွေ့ပါများတော့ …
ငါ့စကားလုံးလေးတွေ ပြုတ်ကျထွက်ကွဲကြလာတယ် …
“ ဒီလူတွေ ပြောဆိုနေကြဆဲ …
ငါဟာ အသည်းကွဲနေတဲ့ လူတစ်ယောက် …´´
……………………..
(၄)
ငါ့မှာ ဘာမှတော့ မရှိ …
ရှိတာဆိုလို့ …
ကဗျာတွေ ရှိတယ် …
ဘယ်နှစ်ခါရေးရေး အံမသေနိုင်တဲ့ လက်တစုံရှိတယ် …
တူးဆွလို့ မကုန်နိုင်တဲ့ ပုတ်သိုးသိုး အတိတ်တစုံရှိတယ် …
……………..
တကယ်တော့ ငါ့မှာ …
ဘာမှ မရှိ …
……………….
(၅)

In: ကဗျာ Posted By: Date: Jul 19, 2010
Comment #1

ငါ့မှာ ဘာမှတော့ မရှိ …
ရှိတာဆိုလို့ …
ကဗျာတွေ ရှိတယ် …
ဘယ်နှစ်ခါရေးရေး အံမသေနိုင်တဲ့ လက်တစုံရှိတယ် …
တူးဆွလို့ မကုန်နိုင်တဲ့ ပုတ်သိုးသိုး အတိတ်တစုံရှိတယ် …
……………..
တကယ်တော့ ငါ့မှာ …
ဘာမှ မရှိ …
……………….

commentinfo By: အသဲကွဲမိုး at Jan 27, 2011
Comment #2

၁ ၂ ၃ ၄ ၅ မိတယ်ကွာ….။

commentinfo By: အမြဲစိမ်း at Jul 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment