Professional Authors

Happy Birthday To My Naughty Boy

ဒီကဗျာလေးက ကျွန်မရဲ့“Naughty Boy “လေးအတွက်ပါ……..
ဒီနေ့ကသူ့ရဲ့အမှတ်တရနေ့လေးတခုပေါ့…..သူကသူ့မေမေနဲ့ဖေဖေကိုအရင်ဆုံး
ကန်တော့လိမ့်မယ်….သူ့မေမေကသူနဲ့သူ့သူငယ်ချင်းတွေအတွက်ကြာဆံချက်ချက်ကျွေးကောင်း
ကျွေးလိမ့်မယ်…သူကကျွန်မကိုမေ့ထားကောင်းမေ့ထားပြီး..သူ့သူငယ်ချင်းတွေနဲ့ပျော်နေလိမ့်မယ်..
ဒီတနှစ်တော့သူအပျော်ဆုံးနှစ်ဖြစ်လိမ့်မယ်…သူချစ်တဲ့သူတွေနဲ့အတူရှိနေလို့လေ….
ကျွန်မကတော့အဝေးကနေပဲ…ချို့ချို့တဲ့တဲ့ကဗျာလေးတပုဒ်ပဲလက်ဆောင်ပေးဖြစ်လိုက်တယ်..။။။

“သူလာခဲ့တယ်”

သူလာခဲ့တယ်
ဆိတ်ငြိမ်ခြင်းတွေထမ်းပိုးရင်း
လာခြင်းကောင်းများစွာနဲ့အတူ
ကမ္ဘာမြေကို
ကဗျာမြေအဖြစ်ဖန်ဆင်းဖို့တဲ့

သူက..
ကဗျာဆိုရင်ရူးတယ်
ကဗျာချည်တိုင်ရဲ့အစိမ်းသေကောင်
သူ့ချည်တိုင်ကိုသူကိုယ်တိုင်စိုက်ခဲ့
သူက..
လက်တွေမရှိတော့ရင်
ပါးစပ်စိတ်ကူးတွေနဲ့ရေးမယ့်ကောင်
မျက်လုံးတွေမရှိတော့ရင်
နားတွေနဲ့ဖတ်မယ့်ကောင်
အေး..
နားတွေပါမရှိတော့ရင်
ဖတ်လာရေးလာခဲ့သမျှ
နွားတကောင်လို
စားမြုံ့ပြန်ပြန်နေမယ့်ကောင်

အဲဒီလိုနဲ့…
ကဗျာတွေကိုတနင့်တပိုးစားသုံးရင်း
ရူးသွပ်မှုအံဖတ်တွေဆို့ခဲ့
မသိလိုက်မသိဘာသာနဲ့
သက္ကရာဇ်တွေကိုခွါခွါချ
ခုဆိုရင်ပဲနှစ်ဆယ်လွန်ပြီး
ခုနစ်နှစ်ကာလတိုင်တိုင်

အဲဒီမှာ..
သူဆောင်ကျဉ်းခဲ့သော
စကားလုံးပေါင်းများစွာနဲ့
စံပါယ်တွေရင်ခုန်တတ်ခဲ့
စမ်းရေမလိုပဲပန်းတွေလန်းခဲ့
နေ့ကမှောင်ပြီးညကလင်းလိုလင်း

သူလာခဲ့လိုက်တယ်…
ဆိတ်ငြိမ်ခြင်းတွေထမ်းပိုးရင်း
လာခြင်းကောင်းများစွာနဲ့အတူ
ကမ္ဘာမြေကို
ကဗျာမြေအဖြစ်ဖန်ဆင်းဖို့တဲ့….။။။

 

အမရာ

 

ps အမရာချစ်သော ‘မောင်’ မွေးနေ့မှာပျော်ရွှင်ပါစေ…။။။

In: ကဗျာ Posted By: Date: Jul 19, 2010
Comment #1

ကောင်းတယ် .. မ အမရာ ရေ … ကဗျာဆိုရင် ရူးတဲ့ အစိမ်းသေကောင် ကိုမောင် ကို … ဒီကဗျာရွာကိုလည်း …. အလည်ခေါ်ခဲ့ပါဦးဗျာ။ Happy Birthday 🙂

commentinfo By: သက်ထွေး at Jul 19, 2010
Comment #2

အစ်မရေ …
အစ်မရဲ့ naughty boy လေးကို အစ်မဘက်ကနေကူပြီး Birthday wish လုပ်မယ်နော်….
HAPPY BIRTHDAY !!!!! (: (: (:
ကဗျာမြေအဖြစ်ဖန်ဆင်းဖို့ ကမ္ဘာမြေကို လာခဲ့တယ်ဆိုတဲ့ အစ်မ အမရာရဲ့ naughty boy ရေ..
ဒီ ကဗျာရွာလေးကတစ်ဆင့် လည်း ကဗျာတွေဖတ်ချင်ကြောင်းပါ..
HAPPY BIRTHDAY again!! (: (: (:

commentinfo By: ဖြိုးဖြိုး at Jul 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment