Professional Authors

လူ ၊ လောက ၊ ကမ္ဘာ နဲ့ ငါ (သက်ထွေး)

တော်တော်ပေါက်ကွဲနေတုန်းက ရေးထားတဲ့ကဗျာပဲ။ အဲဒီအချိန်တုန်းက ကျွန်တော်အလုပ်ရဖို့ အသည်းအသန် ရှာနေရချိန်ပေါ့။

မျှော်လင့်ချက်ကို
ထင်းစိုက်ချင်တဲ့သူတွေကြားထဲ
နေရတာ
ငါ့အတွက်တော့
မီးခိုးစော်နံတယ်။

ရွာမယ်ဆို
မဲပစ်တတ်တဲ့
တိမ်ဖြူတွေကို
ငါလူတွေထက်
ပိုပြီး သဘောကျခဲ့။

ရိုးသားခြင်းကို
ရေလဲ ပုဆိုးလို
ဝတ်ဆင်ကာ
စေတနာတို့ကို
လက်နှီးစုတ်တစ်ခုလို
ကိုင်တွယ်ခဲ့ကြ …
ခင်ဗျားတို့
လူသားတွေ
သွားတိုက်ပြီး
အာပုပ်စော်နံခဲ့ကြပြီ။

ပကာသန
အခြွေအရံမာနတိုနဲ့
စစ်ခင်း ..
အတ္တတို့ကို
လူကုန်ထံတွေ
သူတောင်းစားခွက်ထဲ
ထိုးအပ်လို့ …
မျက်ရည်တစ်ခွက်ကို
ထမင်းရည်တစ်စက်နဲ့
လှောင်ပြောင်ရယ်မောခဲ့ကြတယ်။

ရှိစေတော့လောကကြီး …
မင်းလဲ
မုဆိုးနားနီးလို့ ..မုဆိုးဖြစ်ခဲ့လေပြီပဲ
ချိတ်မှာ ..ငါးစာတပ်လို့
ကိုယ့်အမြီးကိုယ်ပြန်မျှားနေတဲ့
ကမ္ဘာကြီးကိုလဲပြောလိုက်ပါ
ငါ… ရုပ်ကလပ်ထားပြီး
ခရီးထွက်သွားတယ်လို့။ ။

သက်ထွေး
၈ ၊ ဩဂုတ် ၊ ၂၀ဝ၇
၁၁း၂၀

In: ကဗျာ Posted By: Date: Jun 7, 2009  
Comment #1

ဟာ… မိုက်တယ်ကွာ… တကယ်ပါ… တော်တော်လေးကြိုက်တယ်… အချစ်အကြောင်းရေးမှ ဖတ်ကောင်းတာမှ မဟုတ်ဘဲ.. နော့လေ…
ဒါနဲ့စကားမစပ်… ပြန်လာပလား… ခရီးထွက်သွားတဲ့သူကြီး… ရုပ်ကလပ်ကြီး ပျင်းနေမှာစိုးလို့ပါ…

commentinfo By: Ei Mon Soe at Jun 7, 2009
Comment #2

autopilot လေးနဲ့ သူ့ဟာသူ ရုပ်ကလပ်ကြီးက ငြိမ့်နေတာ။ အေးဆေး .. နွေးထွေး

commentinfo By: thettwe at Jun 7, 2009
Comment #3

အဟမ်း ငါလဲ ဟိုအားကျမခံရေးထားတဲ့ကဗျာ ကောက်တင်ရမလိုလို 😛

commentinfo By: Hninzisue at Jun 7, 2009
Comment #4

အဟတ်အဟတ်.. သူကြီးအဲဒီ့တုန်းက တောထွက်သွားတယ်ဆိုတဲ့ သဘောပေါ့လေ.. ဟတ်လား.. ဟီးဟီး.. အခုတော့ တောကပြန်လာပြီပေါ့.. အဟီ.. အမ်နီးဝေးပါ.. ဟိုးအောက်ဆုံးကအပိုဒ်လေးတော့ ခိုက်ပါ့.. ပြောပါတယ်.. သူကြီး အချစ်ကဗျာအရေးနည်းပါတယ်ဆို.. အဟင့်.. ဟီး..

commentinfo By: Kitty Yang at Jun 7, 2009
Comment #5

ဒီကဗျာကို အရဲ မဖတ်ဖူးဘူးထင်နေတာ..
ကမ္ဘာကြီးကိုလဲပြောလိုက်ပါ
ငါ… ရုပ်ကလပ်ထားပြီး
ခရီးထွက်သွားတယ်လို့။ ။
အဲဒါလေးတွေ့မှပဲ သတိရတော့တယ်.. ဟီးဟီး

commentinfo By: အရဲ at Jun 9, 2009
Comment #6

အင်း..တော်တော်တင်းနေပုံရပါတယ်…

commentinfo By: အမရာ at Jun 17, 2010
Comment #7

ရွာမယ်ဆို
မဲပစ်တတ်တဲ့
တိမ်ဖြူတွေကို
ငါလူတွေထက်
ပိုပြီး သဘောကျခဲ့

အရမ်းကြိုက်တယ် အဲ့ဒီစာသားကို …..
ကဗျာတစ်ပုဒ်လုံးကို ကြိုက်တယ်
ကျေးဇူးပါ ကဗျာဆရာရေ

commentinfo By: win jx at Sep 2, 2010
Comment #8

7 stars. =D

commentinfo By: waing at Sep 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment