Professional Authors

မျှော်လင့်ထားတိုင်း လွဲတတ်လေသလား – နရီထက်

အိမ်မက်တွေကြား လင်းအာရုဏ်ကို
မြတ်နိုးမိသည်
မနက်စောစော ခရေပန်းလေး
ကောက်ချင်သည်
အလာနောက်ကျ ငါအဖို့
ပန်းခရေတွေ ကုန်သွားလေသလား

နီရဲသက်ဖြာ အိုနှင်းဆီရယ်
ဆူးထက်ထက်နှင့်
ချစ်သူပေးမည့် ရည်စူးကာတည်
မင်းကို မတွေ့ စောင့်မျှော်နေသည်
တွေ့တဲ့ရက်မှာ နှင်းဆီဖူးတွေ
နွမ်းလျသက်ကြွေ ပွင့်ဖတ်တွေရယ်
ပြန့်ကျဲနေပြီး

ရင်မှာ စွဲနှစ် အတွေးရယ်နစ်
ရည်ကြောင်းကိုတည် မင်းကိုချစ်သည်
စာပေတလွှာ ဆက်ကာရေးသည်
အပြန်ပြန်လည်း ဖတ်မိသည်
မင်းကို ပေးမဲ့တစ်နေ့
မျှော်ကာလေး အပြေးလာသည်
ရွှေရင်တွေ ဆို့ခဲ့လေသလား
မင်းရဲ့ရည်းစာ ချစ်သက်သူနှင့်
လက်ချင်းဆက်ကာ သွားနှင့်လေပြီး

သည်စာပေလွှာ မပစ်ရက်ပေ
ဒိုင်ယာရီကြား ညှပ်ကာထားလိုက်တယ်
မျှော်လင့်မထားလည်း အပြင်မှာ
ရွက်ဝါတွေ ကြွေနေပြီး။      ။

နရီထက်
( ၁၉ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment