Professional Authors

ငါ ပျောက်ရှာပုံတော် (ဆူးနစ်ရင်)

စကားလုံးတွေက
ပုရွတ်ဆိတ်တွေလို
တရွရွ တဆစ်ဆစ်
ငါ့ ဦးခေါင်းထဲမှာ . . .
ငါ့ ရင်ဘတ်ထဲမှာ . . .
ငါ့ ၀ိညဉ်ထဲမှာ . . .
ပျောက်နေတာကို ရှာနေတာလား 
ရှာနေရင်း ပျောက်နေတာလား
သည်းကြီးမည်းကြီး
အုံခဲ ရှုပ်ယှက်ခက်
“ အဲဒီ တစ်စုံတစ်ရာဟာ
အဲဒီ စကားလုံးတွေထဲမှာ မရှိဘူး “ တဲ့
အဲဒီမှာ
ငါ ရူးသွပ်တော့တာပဲ
ရူးသွပ်သွားတဲ့ ငါ ဟာ
စကားလုံးထဲက ငါ့ ကိုပြန်ရှာ
အဲဒီမှာ
တစ်စုံတစ်ရာ ရှိမနေတဲ့
စကားလုံးတွေက
ပုရွတ်ဆိတ်တွေလို
တဆစ်ဆစ် တရွရွ . . . ။      ။
                                 ဆူးနစ်ရင်

In: ကဗျာ Posted By: Date: Jul 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment