Professional Authors

မင်းအတွက်

မင်းသာလိုရင်…….
မြင့်မိုရ်တောင်ပေါ်တက်
ပဲရစ်မျှော်စင်ကို ချူတံလုပ်
ဟိုး! မိုးပေါ်က
ဓူဝံကြယ်ကို လှမ်းလို့ဆွတ်မည်
မင်းသာစေရင်………
သမုဒ္ဒရာကို လက်ပစ်ကူး
မေခလာကယ်လည်း
ဘူးခံညင်းမယ်
ငမန်းတွေကိုက်ပါစေ
ကျန်တဲ့လက်သန်းတစ်ချောင်းနဲ့
ရှေ့ဆက်ကူးမယ်
မင်းသာခိုင်းရင်………..
နပိုလီယံကို ခေါင်းခေါက်
ဟစ်တလာနားကို တံထွေးဆွတ်
မူဆိုလ်ီနီဖင်ကိုလည်း ပိတ်ကန်ရဲတယ်
မင်းသာကဗျာလိုရင်……….
worldကို စာရွက်
နေကိုမှင်ဖျော်
လကို ကလောင်တံပြု
ကိုယ့်နှလုံးသား ရင်ခုန်သံအကြောင်း
တစ်ပိုဒ်လောက်တော့
စပ်ပြချင်တယ်……..
……….မြူမင်းသွင်

In: ကဗျာ Posted By: Date: Jul 18, 2010
Comment #1

wow,,,,,,,,,,,
amazing,,,,,,,
r u sure?

commentinfo By: ei lay at May 1, 2012
Comment #2

😛
😛
😛

commentinfo By: ei lay at Oct 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment